DVB Logo
Home
မြန်မာသတင်း
နာဂဒေသ လဟယ်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်
DVB
·
February 12, 2021
နာဂဒေသ လဟယ်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ  စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဌာနပေါင်းစုံပါဝင်တဲ့ လူထုတိုက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုက လဟယ်မြို့မှာ ၃ ရက်မြောက်ဖြစ်ပြီး မီးသတ်၊ ကျန်းမာရေး၊ ပညာရေး စတဲ့ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်နေကြတာပါ။

ပြီးခဲ့တဲ့ရက်ကလည်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ဖမ်းဆီးရာမှာ လဟယ်မြို့က မြို့နယ်ရွေးကောက်ပွဲအရာရှိအဖမ်းခံခဲ့ရပေမယ့် ဥက္ကဋ္ဌကတော့ တိမ်းရှောင်နေတာဖြစ်လို့ အဖမ်းမခံခဲ့ရပါဘူး။

နောက်နေ့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013