DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း၊ အထည်စက်ရုံက လုပ်သားများအပါအဝင် လူထုသောင်းနဲ့ချီ စစ်အစိုးရကိုဆန္ဒပြ
DVB
·
February 12, 2021
ကြေးနီစီမံကိန်း၊ အထည်စက်ရုံက လုပ်သားများအပါအဝင် လူထုသောင်းနဲ့ချီ စစ်အစိုးရကိုဆန္ဒပြ
1 / 16
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ  အမှတ် ၆ အထည်စက်ရုံ၊ မြန်မာဝမ်ပေါင်၊ မြန်မာယန်စီကြေးနီစီမံကိန်းတို့က အလုပ်သမားဝန်ထမ်းတွေအပါအဝင် ကျန်းမာရေး၊ ပညာရေးနဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူတွေ‌အင်အား သောင်းနဲ့ချီကာ စစ်အာဏာရှင်အစိုးရကို ဆန့်ကွက်ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း နေ့စဉ်တိုးတက်များပြားလာနေတယ်လို့ဆိုပါတယ်။

ဆားလင်းကြီးမြို့မှာတော့ စစ်အစိုးရကို ဆန္ဒပြသူတွေနဲ့ လုံထိန်းတပ်ဖွဲ့တွေ အကြား ထိပ်တိုက်တွေ့တာမျိုးတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013