DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ရပ်ကွက်တခုတည်း ကိုဗစ်-၁၉ လူနာသစ် ၁၄ ဦး ထပ်တွေ့
DVB
·
February 12, 2021
မိတ္ထီလာတွင် ရပ်ကွက်တခုတည်း ကိုဗစ်-၁၉ လူနာသစ် ၁၄ ဦး ထပ်တွေ့
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အသွားအလာကန့်သတ်ထားတဲ့ မိတ္ထီလာစျေးအရှေ့ပြင် စည်သူရပ်ကွက်မှာ ဖေဖေါ်ဝါရီ ၁၁ရက်နေ့က ကိုဗစ်-၁၉ လူနာ ၁၄ ဦး ထပ်တွေ့တာကြောင့် ရပ်ကွက်တစ်ခုတည်း ဓာတ်ခွဲအတည်ပြုလူနာ ၄၉ ဦးအထိ ရှိလာတယ်လို့ မိတ္ထီလာခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီးဒေါက်တာညွန့်စိန်က "စည်သူရပ်ကွက်က ကိုဗစ်-၁၉ လူနာ ၁၄ ဦး ထပ်တိုးတွေ့တယ်။ ရပ်ကွက်က လူနေသိပ်သည်းတော့ ကူးစက်တာများနေတာပါ။ ဆေးရုံမှာလည်း ကိုဗစ်လူနာတွေများနေတယ်။ ကိုဗစ်လူနာက ကူးစက်ရောဂါဆိုတော့ အဲဒီလူနာတွေအတွက် စားသောက်နေထိုင်ရေး စတာတွေ အခက်အခဲတော့ ရှိနေပါတယ်။ အတတ်နိုင်ဆုံးတော့ လုပ်ဆောင်ပေးထားပါတယ်" လို့ ပြောပါတယ်။

   မိတ္ထီလာစျေးအရှေ့ပြင် စည်သူရပ်ကွက်မှာ ဖေဖော်ဝါရီလဆန်းက ဓာတ်ခွဲအတည်ပြု ကိုဗစ်-၁၉လူနာ ၁၀ ဦးကျော် စတင်တွေ့ရှိခဲ့ပါတယ်။ အသက် ၁ နှစ်အရွယ်ကစပြီး အသက် ၈၀ ကျော်အရွယ်အထိ အသက်အရွယ်အစုံမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တာပါ။

မိတ္ထီလာဆေးရုံမှာ မနေ့ကအထိ ဓာတ်ခွဲအတည်ပြု ကိုဗစ်-၁၉ လူနာ ၃၂၆ ဦး ဆေးရုံဆင်းသွားသူ ၂၆၂ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံမှာ ၄၇ ဦး ဆေးကုသမှူ ခံယူနေပါတယ်။

ဒီနေ့အတည်ပြု လူနာ ၁၄ ဦးကိုတော့ နေရာအခက်အခဲကြောင့် အမှတ် ၄ အထက်တန်းကျောင်းမှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013