DVB Logo
Home
နိုင်ငံတကာ
အီတလီတွင် အမျိုးသား ၁ ဦးက လူအုပ်ထဲ ကားဖြင့်ဝင်တိုက်သဖြင့် ၈ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
May 18, 2026
Photo: REUTERS/Stringer
Photo: REUTERS/Stringer
Donate to DVB

အီတလီနိုင်ငံ မြောက်ပိုင်း၊ မော့ဒီနာမြို့မှာ အမျိုးသားတယောက်က လူအုပ်ထဲကို ကားမောင်းဝင်ပြီး တိုက်ခဲ့လို့ လူ ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ၄ ယောက်ကတော့ အခြေအနေ ဆိုးရွားနေပါတယ်။

ဘာဂါမိုမြို့မှာ မွေးတဲ့ မြောက်အာဖရိကနွယ်ဖွား အသက် ၃၀ အရွယ် ယာဉ်မောင်းဟာ မော့ဒီနာမြို့ရှိတဲ့ ပြည်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီး ကားနဲ့ဝင်တိုက်မိပြီးတဲ့နောက် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ မော့ဒီနာမြို့တော်ဝန် မာစီမို မက်ဇက်တီက RaiNews24 ရုပ်သံကို ပြောပါတယ်။

ရဲအရာရှိတွေဟာ ညနေခင်းအထိ အခင်းဖြစ်တဲ့နေရာမှာ ရှိနေခဲ့ပြီး ထိခိုက်ခံရတဲ့ စတိုးဆိုင်က လူတယောက်နဲ့ စကားပြောနေခဲ့ပါတယ်။

ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို လမ်းသွားလမ်းလာတချို့က ဝိုင်းဖမ်းချိန်မှာ တယောက်ကို ဓားနဲ့တိုက်ခိုက်ခဲ့လို့ ဒဏ်ရာနည်းနည်း ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ယာဉ်မောင်းကို ရဲတွေက ဖမ်းခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက ၄ ယောက်က အခြေအနေပြင်းထန်ပြီး ၂ ယောက်ကို မော့ဒီနာမြို့ကနေ ကီလိုမီတာ ၄၀ လောက်အကွာ ဘိုလော့ဂ်နာမြို့က ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရတယ်လို့ မြို့တော်ဝန်က RaiNews24 ကို ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013