တောင်တွင်းကြီးမြို့မှာ ဒီကနေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ ၄ ရက်မြောက်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက ဒေသခံပြည်သူ သိန်းချီ ပါဝင်လာခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်အလိုမရှိ၊ အမေစုကျန်းမာပါစေ၊ မတရားဖမ်းဆီးထားသော အမေစုနှင့်သမ္မတကြီးအပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ် စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်တွင်းကြီးမြို့လမ်းမကြီးများပေါ် လှည့်လည်ဆန္ဒပြကြပါတယ်။
ဒီနေ့မှာတော့ တောင်တွင်းကြီးမြို့က ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ ရုံးမတက်ကြတော့ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြပြီး မပါဝင်သေးတဲ့ ဌာနတွေနဲ့ ဝန်ထမ်းတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။