DVB Logo
Home
မြန်မာသတင်း
“ခြောက်နေပေမယ့် ကြောက်မနေဘူး” စာသားဖြင့် LGBT အဖွဲ့များက စစ်အစိုးရကိုဆန္ဒပြ
DVB
·
February 10, 2021
“ခြောက်နေပေမယ့် ကြောက်မနေဘူး” စာသားဖြင့် LGBT အဖွဲ့များက စစ်အစိုးရကိုဆန္ဒပြ
1 / 4
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာရှင်အလိုမရှိကြောင်း လူဦးရေသောင်းချီဆန္ဒပြပွဲမှာ LGBT အသိုက်အဝန်းကလည်း  “ခြောက်နေပေမယ့် ကြောက်မနေဘူး” လို့ရေးသားထားတဲ့  ဆိုင်းဘုတ်ကိုင်ကာ ဆန္ဒပြခဲ့ပါတယ်။

LGBT တစ်ဦးက "ပြည်သူထဲကပြည်သူပဲမို့ ပြည်သူဆန္ဒနဲ့ တသားတည်းရှိနေပါတယ်။ ဒါကြောင့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပြသတာပါ"လို့ ပြောပါတယ်။

“ရုံးမတက်နဲ့ ရုန်းထွက်”၊  “စစ်အာဏာရှင်ဆန့်ကျင်ရေး ဒို့အရေး” ၊  “ဘယ်သူ့ဝန်ထမ်းလဲ ပြည်သူ့ဝန်ထမ်း”၊  “ဒို့လူမျိုးတွေညီစေနော် ညီတယ်ဟေ့ ညီတယ်ဟေ့” ၊ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ၊ “အမေစုနဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ လွှတ်ပေးရေး ဒို့အရေး “ တဲ့ကြွေးကြော်သံတွေနဲ့  ပြည်သူတွေက ဆန္ဒပြခဲ့ပါတယ်။

“စစ်အာဏာရှင်အလိုမရှိ။  စစ်အာဏာရှင် ကျဆုံးပါစေ။  We want our leader ငါတို့ခေါင်းဆောင်ကို အလိုရှိပါတယ်။  free Daw Aung San Su Kyi ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ”  စတဲ့စာသားတွေ ကိုင်ဆောင်ပြီး လူဦးရေ ၈၀,၀၀၀ လောက် ဆန္ဒပြခဲ့ပါတယ်။

မိတ္ထီလာ ဆန္ဒပြရာမှာ သံဃာတော်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အခြေခံပညာရေး ဆရာ ဆရာမတွေ၊ တက္ကသိုလ်ဆရာဆရာဆရာမတွေ၊ LGBT တွေ စက်ရုံ အလုပ်သမားတွေ။ ကျေးလက်ပြည်သူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အစိုးရ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်ဆန္ဒပြခဲ့ပါတယ်။  ဝန်းရံပြည်သူတွေကတော့  ရေသန့်နဲ့ အချိုရည်ဘူးတွေပေးကာ  လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013