DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားအများစုရှိရာ စမွတ်စာခွန်ခရိုင်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၇၀၀၀ ရှိ
DVB
·
February 10, 2021
မြန်မာလုပ်သားအများစုရှိရာ စမွတ်စာခွန်ခရိုင်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၇၀၀၀ ရှိ
Donate to DVB

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ စမွတ်စာခွန်းခရိုင်ထဲက စက်ရုံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၇,၀၀၀ လောက် စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဒေသတွင်းက စက်ရုံအလုပ်သမား ၁ သိန်းကျော်ကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စမ်းသပ်စစ်ဆေးခဲ့ချိန်မှာ ခုလိုတွေ့ရှိရတာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံခန့်ခွဲရေးစင်တာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

ရောဂါပိုးတွေ့ရှိရသူတွေထဲက အလုပ်သမားတွေအများစုကတော့ စက်ရုံကြီး ၉ ခု ကဖြစ်ပြီး အဲဒီထဲက ၄ ရုံမှာတော့ ပိုးတွေ့အလုပ်သမား ၁၀,၀၀၀ နဲ့အထက်ပါဝင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာ ထဝီဆစ်လ်ပ်ကတော့ တချို့စက်ရုံတွေမှာ အလုပ်သမား ၂၆ ရာခိုင်နှုန်း ကနေ ၂၇ ရာခိုင်နှုန်းထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ပြောပါတယ်။

စမွတ်စာခွန်းခရိုင်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယလှိုင်း ကာလမှာ အဓိကကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ပုစွန်ဈေးကတဆင့် စတင်ခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လှိုင်းသစ်စတင်ချိန်ကတည်းက စမွတ်စာခွန်းခရိုင် တွင်းမှာ ရောဂါကူးစက်ခံရသူအရေအတွက် ၁၅,၁၈၆ ယောက်ရှိလာခဲ့ပြီး ဒါဟာ စုစုပေါင်း ရေဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၈၀ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။       ထိုင်းတနိုင်ငံလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၃,၉၀၃ ယောက်၊ သေဆုံးသူ အယောက် ၈၀ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013