DVB Logo
Home
မြန်မာသတင်း
အမ်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ချင်းကျောင်းသူကို ရဲက ဖမ်းဆီး
DVB
·
February 10, 2021
အမ်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ချင်းကျောင်းသူကို ရဲက ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ ချင်းကျောင်းသူတယောက်ကို မနေ့ညက ရဲက ဖမ်းဆီးသွားပါတယ်။

မိုင်ရတနာအောင်ဟာ မနေ့က အမ်းမြို့ရဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ည ၉ နာရီကျော်အချိန် အိမ်ကို လာရောက်ဖမ်းခံခဲ့ရတာပါ။

သူ့မိခင် ဒေါ်တင်တင်အောင်က “ရဲသား ၄ ယောက်၊ ရဲမေ ၁ ယောက်နဲ့ ဆယ်အိမ်ခေါင်း ၁ ယောက် ပါတယ်။ ဘာကြောင့် ဖမ်းတာလဲဆိုတော့ ဆန္ဒပြလို့တဲ့။ ဆန္ဒပြတာက အမ်းတမြို့လုံး ပြကြတာပဲ။ အခု သိရတာကတော့ သဘာဝဘေးစီမံဥပဒေပုဒ်မနဲ့ ဒီနေ့ တရားရုံးတင်မယ်တဲ့" လို့ ပြောပါတယ်။

ဓာတုဗေဒ တတိယနှစ်ကျောင်းသူ မိုင်ရတနာအောင်ဟာ (CUSR -Chin University Students In Rakhine State) အဖွဲ့ဝင်ဖြစ်ပြီး အမ်း CUSR ရဲ့ အတွင်းရေးမှူးတယောက်လည်း ဖြစ်ပါတယ်။

အခုလို အပြစ်မဲ့ မိန်းကလေးတယောက်ကို ညအချိန်မတော် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အမ်းမြို့မ ရဲစခန်းက ရဲတွေရဲ့ လုပ်ရပ်တွေကို CUSR က အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013