DVB Logo
Home
မြန်မာသတင်း
အာရှတွင် ကိုဗစ်-၁၉ သိန်းချီကူးစက်ခံနိုင်ငံ ၂၆ နိုင်ငံရှိလာ၊ မြန်မာတွင် ၁၄၁,၄၄၈ ဦး ကူးစက်ခံရ
DVB
·
February 10, 2021
အာရှတွင် ကိုဗစ်-၁၉ သိန်းချီကူးစက်ခံနိုင်ငံ ၂၆ နိုင်ငံရှိလာ၊ မြန်မာတွင် ၁၄၁,၄၄၈ ဦး ကူးစက်ခံရ
Donate to DVB

ဘာရိန်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁ သိန်းကျော်ရှိလာခဲ့ပြီးနောက် အာရှဒေသတွင်း သိန်းနဲ့ချီ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၀၇ သန်းကျော်၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၃ သန်းကျော်နဲ့ ရောဂါ ပြန်လည် ပျောက်ကင်းလာသူအရေအတွက် ၇၉ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၇ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရ သူ ၁၀ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံ ရသူ ၃ သန်းကျော်စီ၊ အီတလီ၊ တူရကီ၊ ဂျာမနီ၊ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ ပီရူး၊ အင်ဒိုနီးရှား၊ ချက်နိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာ တဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံ ထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၇၂၀ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနိုင်ငံက ရောဂါကူးစက်ခံ ရသူဦးရေ ၇ သိန်းကျော်၊ အီရတ်နိုင်ငံက ၆ သိန်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။

အဲဒီနောက်မှာတော့ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်းကျော်စီ၊ ဂျပန်နိုင်ငံက ၄ သိန်းကျော်၊ ဆော်ဒီအာရေး ဗီးယား၊ ဂျော်ဒန်၊ ယူအေအီး၊ လက်ဘနွန်နိုင်ငံတွေက ၃ သိန်းကျော်စီ၊ နီပေါ၊ ဂျော်ဂျီယာ၊ မလေးရှား၊ အဇာဘိုင်ဂျန်နိုင်ငံတွေက ၂ သိန်းကျော်စီ ကူးစက်ခံထားရတာပါ။

ကာဇက်စတန်၊ ကူဝိတ်၊ အာမေးနီးယား၊ ပါလက်စတိုင်း၊ ကာတာ၊ မြန်မာ၊ အိုမန်၊ ဘာရိန်းနိုင်ငံတွေမှာတော့ ၁ သိန်းကျော်စီ ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၉ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၁၄၁,၄၄၈ ယောက်၊ သေဆုံး သူ ၃,၁၈၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၂၈,၄၃၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင် နေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၇၃၂ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၃,၇၄၆ ယောက်နဲ့ သေဆုံးသူ ၇၉ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၀၆၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၂ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၄၇၆ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013