DVB Logo
Home
မြန်မာသတင်း
အများပြည်သူသဘောထားနှင့် မဆန့်ကျင်သည့် အစိုးရ တစ်ရပ်ပေါ်ပေါက်ရေး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် သံဃာတော်များ တိုက်တွန်း
DVB
·
February 8, 2021
အများပြည်သူသဘောထားနှင့် မဆန့်ကျင်သည့်  အစိုးရ တစ်ရပ်ပေါ်ပေါက်ရေး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် သံဃာတော်များ တိုက်တွန်း
Donate to DVB

အများပြည်သူသဘောထားနဲ့ မဆန့်ကျင်တဲ့ အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာစေရေးအတွက် ငြိမ်းချမ်းသောနည်းလမ်း၊ ဓမ္မနဲ့ လျော်ညီသောနည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီးတွေမှာရှိတဲ့ သံဃာတော်အပေါင်းက ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ  တိုက်တွန်း လိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးကိစ္စရပ်တွေဟာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်ပြီး အဓမ္မလမ်းကြောင်းမှာ လျှောက်လှမ်းနေတယ်လို့ ထင်မြင်ယူဆတဲ့အတွက် ရဟန်းရှင်လူ တိုင်းသူပြည်သားတွေ နှလုံးစိတ်ဝမ်း မချမ်းမမြေ့ဖြစ်နေကြရတယ်၊ ဒီလို မချမ်းမမြေ့ဖြစ်ကြရမယ့် မည်သည့်ဆောင်ရွက်ချက်မျိုးကိုမဆို လက်ခံသဘောတူမှာ မဟုတ်ဘူးလို့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ငြိမ်းချမ်းသာယာခြင်းကို ပြုတတ်၊ ပြောတတ်သူတွေမပါရှိတဲ့ အဖွဲ့အစည်းဟာ ဓမ္မနဲ့ လျော်ညီတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်းနဲ့ ဓမ္မနဲ့ လျော်ညီတဲ့အမှုကိုပြုတတ်၊ ပြောတတ်သော ပုဂ္ဂိုလ်တို့ ပါဝင်တဲ့ အဖွဲ့အစည်းသည်သာလျှင်   ငြိမ်းချမ်းသာယာခြင်းကို ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ဆိုပါတယ်။

သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီးတွေဖြစ်တဲ့ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်( စစ်ကိုင်း)၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) နဲ့ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် (တောင်ငူ) တို့ရဲ့ ဝန်ဆောင် သံဃာ့အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013