DVB Logo
Home
မြန်မာသတင်း
CDM လှုပ်ရှားမှု စတင်ကြောင်း ကယားပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ ကြေညာ
DVB
·
February 8, 2021
CDM လှုပ်ရှားမှု စတင်ကြောင်း ကယားပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ ကြေညာ
1 / 2
Donate to DVB

ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အစိုးရနဲ့ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်လိုတဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စတင်ကြောင်း ကယားပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကယားပြည်နယ်လွှတ်တော်ရုံးအနေနဲ့ အများပြည်သူရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုကယ်စားလှယ်ကိုသာ ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

အများပြည်သူဆန္ဒမပါဘဲ အတင်းအဓမ္မအာဏာရ ယူဖွဲ့စည်းထားတဲ့ အာဏာရှင်စနစ်အစိုးရကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အစိုးရနဲ့သာ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်လိုတဲ့အတွက် အခုလို ကြေညာလိုက်တာပါ။

စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ပြီး ပြည်သူတို့ဆန္ဒအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်စတင်သည်အထိ မိမိတို့ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြီး ပြည်သူတို့ရဲ့ သဘောဆန္ဒနဲ့အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်က ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေလည်း CDM ပြုလုပ်တဲ့အတွက် ဆေးရုံတွေ ပိတ်ထားရပြီး လူနာတချို့ကိုတော့ အပြင်ဆေးခန်းမှာ ဆရာဝန်တွေက ဆေးကုသပေးနေပါတယ်။

လွိုင်ကော်အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်းတချို့ကလည်း CMD လှုပ်ရှားမှုမှာပါဝင်ပြီး ရုံးမတက်ဘဲ ဆန္ဒထုတ်ဖော်နေကြပါတယ်။ CDM ပါဝင်တဲ့ ဝန်ထမ်းတချို့လည်း ရုံးပြန်တက်ဖို့ လက်မှတ်ရေးထိုးဖို့ ဖိအားပေးခံရတာတွေ ရှိကြောင်း အမည်မဖော်လိုတဲ့ဝန်ထမ်းက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့  မနက် ၈ နာရီကစပြီး  လွိုင်ကော်မြို့မှာ သောင်းနဲ့ချီတဲ့ ပြည်သူလူထုတွေဟာ စစ်ဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့ မြို့ကိုပတ်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ အစရှိတဲ့ မြို့တွေမှာလည်း ပြည်သူတွေက စစ်ဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013