
မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်းက သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်းတို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၈ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေး လူအင်အားသိန်းချီ ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတစ်ဦးက"နောင်လာမယ့် မျိုးဆက်တွေအတွက် စစ်အာဏာရှင် ကျဆုံးသွားဖို့ ဆန္ဒထုတ်ဖော်ပြသတာပါ၊ ဘာအရောင်မှမပါပါဘူး။ ဒါက ပြည်သူက စစ်အာဏာရှင်ကို ဆန့်ကျင်တာပါ"လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်၊ ပြည်သူအားလုံး ပူးပေါင်းဆန့်ကျင်ကြ၊ ခေတ်ဆိုးအမွေကို လက်ဆင့်မကမ်းကြပါနဲ့၊ လူထုလက်ရုံးဖြင့် အာဏာရှင်စနစ်ဆိုးကို ရိုက်ချိုးကြ ဆိုတဲ့ စာသားတွေကို ကိုင်ဆောင် စီတန်းလှည့်လည်ခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ အမေစုနဲ့ ဖမ်ဆီးထားသူများ လွတ်မြောက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ လူတန်းစားပေါင်းစုံအင်အား သိန်းချီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒီနေ့မနက် ၈ နာရီမှာ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း စတဲ့ မြို့နယ်တွေမှာလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း










