DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး မြိတ်မြို့ ဆန္ဒထုတ်ဖော်ပွဲ
DVB
·
February 8, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေး မြိတ်မြို့ ဆန္ဒထုတ်ဖော်ပွဲ
1 / 6
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်က ဒုတိယမြောက်နေ့အဖြစ် သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။  

ပထမဦးဆုံး ဆန္ဒပြတဲ့ မနက်ပိုင်းမှာတော့ ကျောင်းသားလူငယ်တွေ စတင်ဦးဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ကာ ဆန္ဒပြနေစဥ်အတောတွင်းမှာပဲ ဒေသခံပြည်သူ သောင်းဂဏန်းနီးပါး ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒုတိယနေ့မှာတော့ ဆန္ဒပြ ပြည်သူတွေက ပထမနေ့ထက်ပိုမိုများပြားခဲ့ပါတယ်။

ဒီကနေ့ဆန္ဒထုတ်ဖော်မှုမှာ ဆန္ဒပြပြည်သူတွေအများစုက အင်္ကျီအနက်ရောင်တွေ ဝတ်ဆင်ခဲ့ကြပြီး  စစ်အာဏာရှင် အမြန်ဆုံးဆင်းပေးဖို့၊ နိုင်ငံတော် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့ ပြည်သူတွေ မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေဆီ အာဏာလွှဲပြောင်းပေးဖို့အပါအဝင် စစ်အာဏာရှင် အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အခုဆန္ဒထုတ်ဖော်ပွဲကိုတော့ ရဲတပ်ဖွဲ့တွေက လာရောက်ဟန့်တားတာ၊ တားမြစ်တာ လုံခြုံရေးဆောင်ရွက်တဲ့ အနေထားတွေတော့ မတွေ့ရှိရသေးပါဘူး။

ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ စစ်အာဏာရှင်စနစ် ဆန္ဒထုတ်ဖော်မှုတွေကို အရှိန်ဟုန်မြှင့် ဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့ လာရောက်ပူးပေါင်းပေးဖို့ကိုလည်း ဆန္ဒထုတ်ဖော်သူတွေက ပြောကြားပါတယ်။

တနင်္သာရီတိုင်းထဲကအခြားမြို့နယ်တွေဖြစ်တဲ့ ထားဝယ်မြို့၊ တနင်္သာရီမြို့၊ ကော့သောင်းမြို့အပါအဝင် တိုင်းအတွင်းက အခြားမြို့နယ်အအသီးသီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အောင်ကျော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013