
ပခုက္ကူခရိုင် ရေစကြိုမြို့မှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဒုတိယ နေ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပထမရက်ကထက် လူအင်အားသိန်းချီ ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။
မြို့တွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းတွေကို ပထမ အကြိမ်အဖြစ် ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ပြုလုပ်ရာမှာ အင်အားသောင်းချီ ပါဝင်လာခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ လူအင်အား သိန်းချီပါဝင်လာခဲ့ပါတယ်။
ဒုတိယနေ့မှာ ကျောင်းဆရာ၊ ဆရာမတွေနဲ့ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းတွေပါ ပါဝင်လာကြပါတယ်။
ရေစကြိုမြို့နယ် အတွင်းမှာ အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းက တပ်မတော်ကို ထောက်ခံလှည့်လည်ပွဲကို မြို့တွင်းလမ်းတွေပေါ်မှာ တပ်မတော်ထောက်ခံသူတွေက ပြုလုပ်ခဲ့ကြရာမှာ ဆန့်ကျင်သူတွေက သံပုံတီးတာ၊ ကား၊ ဆိုင်ကယ်ဟွန်းတီးတာတွေနဲ့ ဆန့်ကျင်ခဲ့ကြပါသေးတယ်။
ခင်ပြည့်စုံဝင်း










