DVB Logo
Home
မြန်မာသတင်း
CDM လှုပ်ရှားမှုတွင် ပါဝင်သူများ အခက်အခဲရှိလျှင် ဂျပန်ရောက်မြန်မာများ ကူညီမည်
DVB
·
February 8, 2021
CDM လှုပ်ရှားမှုတွင် ပါဝင်သူများ အခက်အခဲရှိလျှင် ဂျပန်ရောက်မြန်မာများ ကူညီမည်
Donate to DVB

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement)  ပါဝင်တဲ့ ဝန်ထမ်းတွေ တစုံတခု စားဝတ်နေရေး အခက်အခဲဖြစ်လာပါက ကူညီပေးဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုမြို့အပြင် အိုဆာကာ၊ နာဂိုယာ၊ ကိုဘေး၊ အိုခယမ၊ ဖူခုအိမြို့ကြီးတွေမှာ မနေ့က ဂျပန်ရောက် မြန်မာနိုင်ငံသား ထောင်နဲချီ ဆန္ဒပြခဲ့ကြပါတယ်။

နဂိုယာမြို့မှာ ဆန္ဒပြသူ ၁,၀၀၀ ကျော်ရှိခဲ့ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ပိသုကာပညာရှင် မနိုင်နိုင် ခေါ် ဖေ့ဘုတ်အကောင့် ငြိမ်းချမ်းမေကတော့ “ကျမတို့က မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိနေတာကို ပြသချင်လို့ ဆန္ဒပြဝန်ထမ်းတွေမှာ တစုံတခု စားဝတ်နေရေး အခက်အခဲဖြစ်လာရင် ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဂျပန်ပြည်တွင်းမှာ စတင်လှုပ်ရှားနေပြီ” လို့ DVB ကို ပြောပါတယ်။

တိုကျိုမြို့က ရုံးဝန်ထမ်း မခိုင်ဇင်ကျော်ကလည်း ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက အခု CDM အတွက် လှူဒါန်းလိုသူများ အများအပြား ဆက်သွယ်လာနေလို့ ဂရုဖွဲ့ကာ ပြည်တွင်းကို ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

တိုကျိုမြို့ဆန္ဒပြပွဲမှာ အကန့်အသတ်မရှိလို့ မြန်မာနိုင်ငံသား ၅၀၀၀ ကျော် လာရောက်ဆန္ဒပြခဲ့ပေမဲ့ အိုဆာကာမြို့ ရှေးဟောင်းရဲတိုက်ရှေမှာတော့ အိုဆာကာမြို့တော်ရဲ့ ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံသား ၄၀၀ သာ ဝင်ရောက်ခွင့်ရပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့သင်္ကေတ X ပုံသဏ္ဌာန်ဖော် ဆန္ဒပြခဲ့တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ မမို့မို့ဦးက DVB ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013