မကွေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူနဲ့ ဌာနဆိုင်ရာ၊ အရပ်ဘက်အဖွဲ့နဲ့ ပရဟိတအဖွဲ့တွေပူးပေါင်းပြီး စုစုပေါင်း အင်အား သိန်းချီ ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တတိယမြောက်နေ့မှာ ထူးခြားတာကတော့ ဆန္ဒပြပြည်သူတွေဟာ ဆိုင်ကယ်တွေ ကားတွေနဲ့ ဝန်းရံတာထက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ထာ များပြားလာပါတယ်။
ဆန္ဒပြအဖွဲ့တွေဟာ စစ်ကြောင်း ၄ ကြောင်းခွဲပြီးတော့ ချီတက်လမ်းလျှောက်ရာကနေ လူဦးရေများပြားလာပြီး လမ်းမပေါ်မှာ ပြည့်လျှံနေပါတယ်။
မကွေးတိုင်းအတွင်းက အခြားမြို့နယ်တွေမှာလည်း စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေကြပြီး မကွေးမြို့မှာ လာရောက်ပူးပေါင်းတာတွေရှိနေပါတယ်။
စစ်အာဏာရှင် ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံ ၃ ချက်နဲ့အတူ တောင်းဆို ဆန္ဒဖော်ထုတ်နေကြတာပါ။
သတင်း - မင်းထီး