မန္တလေးတိုင်း မိုးကုတ်မြို့နယ် မိုးကုတ်ကန်ဘောင်မှာ ဒီနေ့မနက်က ပညာရေးဌာနနဲ့ တိုင်းရင်းသားပေါင်းစုံ အင်အားသောင်းနှင့်ချီ ပူးပေါင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတတို့ကို အမြန်ဆုံးပြ န်လွှတ်ပေးရေး၊ လွှတ်တော်အမြန်ခေါ်ယူရေး၊ ရွေးကောက်ပွဲရလာဒ်ဖော်ဆောင်ရေးတို့ကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒပြပွဲကို မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ နောက်ပိုင်းပူးပေါင်းကာ အင်အား တစ်သောင်းကျော် ဆန္ဒပြခဲ့ကြတာပါ။
သတင်း - ဟန်နာထက်အောင်