DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတကာသံတမန်များကို အန်အယ်လ်ဒီ တောင်းဆို
DVB
·
February 7, 2021
အာဏာသိမ်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတကာသံတမန်များကို အန်အယ်လ်ဒီ တောင်းဆို
Donate to DVB

အာဏာသိမ်းအုပ်စုက ဖွဲ့စည်းထားတဲ့  အစိုးရအပါအဝင် အဖွဲ့အစည်းတွေဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  မြန်မာနိုင်ငံနဲ့ တရားဝင်သံတမန် အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းလိုက်ပါတယ်။ 

ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စစ်ခေါင်းဆောင်တစုက မည်သည့်ဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ အတင်းအဓမ္မ သိမ်းယူခဲ့တာကြောင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်သာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတဖြစ်ပြီး၊ သမ္မတ ဦးဝင်းမြင့်ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့သာ နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို အမြန်ဆုံးလွတ်မြောက်နိုင်ရေး ဆောင်ရွက်ပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မဆုံးရှုံးစေရေး၊ အာဏာရှင်နဲ့ အာဏာရှင်စနစ် မပေါ်ပေါက်လာရေးကို သတိမူ ဆောင်ရွက်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းတောင်းဆိုထားပါတယ်။ 

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေရာ ၈၂ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပဖို့ စီစဉ်ထားရာ အဆိုပါနေ့အစောပိုင်းမှာပဲ  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေအမျိုးမျိုးကို ချိုးဖောက်ကာ တပ်မတော်စစ်ခေါင်းဆောင်တစုက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခဲ့ကြောင်း အဖွဲ့ချုပ်က ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013