DVB Logo
Home
မြန်မာသတင်း
ရေငုံနှုတ်ပိတ်နေသည့် ရုပ်ရှင်နှင့် သဘင်အစည်းအရုံးကို အနုပညာရှင်များ ရှုတ်ချ
DVB
·
February 5, 2021
ရေငုံနှုတ်ပိတ်နေသည့် ရုပ်ရှင်နှင့် သဘင်အစည်းအရုံးကို အနုပညာရှင်များ ရှုတ်ချ
Donate to DVB

စစ်အာဏာသိမ်းမှုကို ပြည်သူလူထုက အပြင်းအထန်ကန့်ကွက်ရှုတ်ချနေချိန်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်ပညာရှင်များအစည်းအရုံး စတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့အပေါ် အနုပညာရှင်တွေက  ရှုတ်ချဝေဖန်ခဲ့ကြပြီး  အစည်းအရုံးကနေ နုတ်ထွက်တာတွေ လုပ်ဆောင်နေပါတယ်။

လူငယ်မော်ဒယ်သရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ တိုင်ရွန်က သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်ကနေ နုတ် ထွက်ကြောင်း ခုလိုရေးသားမျှဝေထားပါတယ်။

“လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍… ယနေ့အချိန်ထိ မည်သည့်သဘောထားထုတ်ပြန်ချက်မှ မထုတ်ပြန်သော ကျနော် ငယ်စဉ်တည်းက လေးစားတန်ဖိုးထားအားကျရသော “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး” အဖွဲ့အစည်း၏ အစည်းအရုံးဝင်အဖြစ်မှ မိမိဆန္ဒအလျှောက်နုတ်ထွက်ပါသည်။”

https://www.facebook.com/TyronBejayOfficial/posts/2888523614718317

သရုပ်ဆောင် ထူးခြားကလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရှက်မိကြောင်း ခုလိုရေးသားထားပါတယ်။

“#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဟုခေါ်သော အစိုးရမဟုတ်သော လွတ်လပ် သော အဖွဲ့အစည်းဟု အမည်ခံထားသောအဖွဲ့အစည်းမှ ယခုလက်ရှိဖြစ်ပေါ်နေသော စစ်တပ်မှ ပြည်သူလူထုနှင့် နိုင်ငံတော်အား ပုန်ကန်ဆန့်ကျင်သစ္စာဖောက်ကာ အာဏာသိမ်းသော လုပ်ရပ်အပေါ်တွင် ရေငုံနှုတ်ပိတ်နေခြင်းအား ရှက်ရွံ့ဖွယ်ကန့်ကွက်ပါသည်”

https://www.facebook.com/htoocharr7272/posts/1801456366690869

       ဇာတ်ပို့သရုပ်ဆောင်တယောက်ဖြစ်တဲ့ ကိုဘင်းကလည်း ဒီလုပ်ရပ်အပေါ် ရှုတ်ချကြောင်း သူ့သဘောထားကို ရေးသားဖော်ပြထားပါတယ်။

 “#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဟုခေါ်သော အစိုးရမဟုတ်သော လွတ်လပ် သောအဖွဲ့အစည်းဟု အမည်ခံထားသောအဖွဲ့အစည်းမှ ယခုလက်ရှိဖြစ်ပေါ်နေသော စစ်တပ်မှ ပြည်သူလူထုနှင့် နိုင်ငံတော်အား ပုန်ကန်ဆန့်ကျင်သစ္စာဖောက်ကာ အာဏာသိမ်းသော လုပ်ရပ်အပေါ်တွင် ရေငုံနှုတ်ပိတ်နေခြင်းအား ရှက်ရွံ့ဖွယ် ကန့်ကွက်ပါသည်။” 

https://www.facebook.com/ko.bean.9sa/posts/2157968357667974

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဖိုးချစ်ကလည်း တာဝန်ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။  

နာမည်ကြီး ဖိုက်စတားလူရွှင်တော်တဦးဖြစ်တဲ့ အောင်သော်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လူရွှင်တော်အသင်းနဲ့ ရန်ကုန်တိုင်း သဘင် အစည်းအရုံးတို့ကနေ နုတ်ထွက်ကြောင်းနဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

       “ကျနော်လည်း ပြည်သူတွေထဲက ပြည်သူတစ်ယောက် ဖြစ်ပါတယ်… အမြဲတမ်းလည်း ကျနော့်ပရိသတ်များနဲ့ တသားတည်း ရှိနေခဲ့တဲ့သူ ဖြစ်ပါတယ်… အခုလည်း ပြည်သူများနဲ့အတူ ရပ်တည်ပါတယ်… ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူများနဲ့အတူတကွ ရပ်တည်သွားပါမယ်”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ် သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြတာပါ။       တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို လုပ်ဆောင်နေကြတာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013