DVB Logo
Home
မြန်မာသတင်း
သီချင်းဗီဒီယိုကိစ္စ အဆိုတော်ယုန်လေး ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ရှင်းလင်း  
DVB
·
August 6, 2020
သီချင်းဗီဒီယိုကိစ္စ အဆိုတော်ယုန်လေး ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ရှင်းလင်း  
Donate to DVB

လူမှုကွန်ရက်ပေါ် ဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့  သီချင်းဗီဒီယိုကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးကို သွားနေတယ်လို့ အဆိုတော်ယုန်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါသီချင်းရုပ်သံနဲ့ ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေရှိနေသလို သူ့ကို အနုပညာရှင်တွေနဲ့ ဆယ်လီတချို့က ဝိုင်ဝန်းအားပေးမှုတွေရှိနေတယ်လို့ ယုန်လေးကဆိုပါတယ်။

“တော်တော်များများ အဆင်းဘီးတပ်ပေးတဲ့ အချိန်မှာ မိတ်ဆွေစစ်၊ အတု သိခွင့်ရ ပါလိမ့်မယ်။ ကိုအယ်ကြီး နှင့် ပါဝင်သူညီ ညီမငယ်အစ်ကို . အစ်မ . အမေမွှေး ဝိုင်းအား ပေးသလို . မနေ့က ညနေက ည အထိ ကျနော့်အချစ်ဆုံးကောင် မြင့်မြတ် . ပြီးတော့ ကိုခင်လိူင် . ထူးခြား . Kညီ . အတူရှိပေးကြတယ် . နှစ်သိမ့်ပေးကျတယ် . သူရူတင် နောက်ကျရင် နောက်ကျနိုင်တယ် .ရုပ်ရှင် အစည်းရုံးကို ကျွန်တော့်အတွက် တောင်းပန်ဖို့ဆိုပြီး အခု မနက်အစောကြီးထပြီး ကျနော့်ထက်ဦးအောင် . မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန်ရောက်နေကြတယ် . ဒီလို မိသားစုတွေ ရှိတာကိုက အားအရမ်းရှိပါတယ် . Messenger ကနေရော . Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူး မမေ့ပါဘူး. ဘယ်လို စိတ်ခံစားမှု မျိုးကြုံမလဲ ဆိုတာ ခံစားဖူးတဲ့သူ . မိဘမရှိတဲ့ လူတိုင်း ဒီ သိမ်ငယ်အားငယ်စိတ်ကိုသိမှာပါ . မွေးထဲက မိဘနှစ်ပါး လုံးဆုံးတာပါ . ဘယ်ရဲမှူး ကြီးသားမှ မဟုတ်ပါဘူး ခင်များ . ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်ထဲပဲ ခံယူပါရစေ. ပါဝင်ပေးသူများ တစ်ယောက်နှင့်မှ မဆိုင်ပါ”

ဒီပို့စ်အောက်မှာတော့ အနုပညာရှင်တချို့က ယုန်လေးကို အားပေးစကားမှတ်ချက်တွေ လာရောက်ရေးသားပေးနေကြတာကိုလည်း တွေ့ရပါတယ်။

သရုပ်ဆောင်မော်ဒယ်လ် အောင်လေးက “မိတ်ဆွေစစ်မိတ်ဆွေမှန် သိခွင့်ရတာ အဆိုးထဲက အကောင်းတစ်ခုပါအကို Fighting ပါ”လို့ မှတ်ချက်ရေးခဲ့သလို ဇွဲနိုင်ဝင်းကတော့ “အေးဆေးပါ   ညီရယ်... မင်းက သိပြီး တမင်သက်သက် အမှားလုပ်တာမှ မဟုတ်တာ လုပ်မိတဲ့ဟာက မသိလို့ မှားတာပဲ... မင်း ရိုးသားပါတယ်... စေတနာ အကျိုးပေးပါ လိမ့်မယ် ညီလေး Yone Lay”လို့ အားပေးထားခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ် အားပေးမှတ်ချက်ရေးခဲ့ကြသူတွေထဲမှာတော့ သရုပ်ဆောင်မော်ဒယ် ဘေဘီမောင်၊ ဆောင်းယွန်းစံစတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

“စည်းလုံးသင့်ပြီမြန်မာပြည်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းရုပ်သံကိုတော့ ယုန်လေး အပါအဝင် ထူးအယ်လင်း၊ ဖြိုးမြတ်အောင်၊ အယ်လ်ဆိုင်းဇီ၊ ချမ်းချမ်းတို့အပါအဝင် အဆိုတော်ပေါင်း များစွာ ပါဝင်သီဆိုပေးထားခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းပုံသရုပ်ဖော်မှု အနေနဲ့ မို့မို့မြင့်အောင်၊ သားညီ၊ ညီနန္ဒ၊ ဦးဝင်းမြိုင်၊ ထားထက်ထက်နဲ့ သရုပ်ဆောင်တွေ အများကြီးက ပါဝင်သရုပ်ဆောင် ပေးထားခဲ့ကြတာ ဖြစ်ပါတယ်။

သီးချင်းရုပ်သံထွက်ရှိပြီး သိပ်မကြာခင်မှာပဲ  သရုပ်ဆောင်ပြကွက်ရိုက်ချက်တွေအပေါ် ပရိသတ်တွေ တဖက်နဲ့တဖက် ဆိုးဝါးတဲ့ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ယုန်လေးကို ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပယ်လိုက်ပြီ ဆိုတဲ့ သတင်းတွေဟာလည်း သြဂုတ်လ ၅ ရက်နေ့ ညပိုင်းကတည်းက အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

အဆိုတော်ယုန်လေးရဲ့ သီချင်းဗွီဒီယိုရိုက်ကူးမှုနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ပူးပေါင်းပြီး စိစစ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ- Yone Lay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013