DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုအပေါ် KNPP ကရင်နီလက်နက်ကိုင်အဖွဲ့ ကန့်ကွက်
DVB
·
February 5, 2021
စစ်အာဏာသိမ်းမှုအပေါ်  KNPP ကရင်နီလက်နက်ကိုင်အဖွဲ့ ကန့်ကွက်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံ့တာဝန်ရှိခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားနေသူတွေကို  ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံ့အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်‌ရေး လုပ်ငန်းတွေကို ထိန်းချုပ်ကာ အာဏာသိမ်းလိုက်တာဟာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို  လိုသလို အဓိပ္ပါယ်ဖွင့်ဆို  ဆောင်ရွက်လိုက်တာဖြစ်လို့ ကန့်ကွက်တယ်လို့ ကေအန်ပီပီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အကျပ်အတည်း ပြဿနာတွေကို လက်ရှိအာဏာရအစိုးနဲ့ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာပါက ပြေလည်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရေးနဲ့ တုံ့ပြန်မှု လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တာဝန်ရှိ သက်ဆိုင်သူအားလုံးက ဦးစားပေးဆောင်ရွက်ရမယ့်အချိန်ဖြစ်ပြီး အခုလို အာဏာသိမ်း ယူလိုက်ခြင်ဟာ အဆိုပါကိစ္စရပ်တွေကို အကျပ်အတည်ဖြစ်ပေါ်စေတယ်လို့လည်း ဖော်ပြပါတယ်။

အနာဂတ်ဖယ်ဒရယ် တည်ဆောက်ရေးကို ရှေးရှုတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် အမြန်ဆုံး ပြန်လည်ပေါ်ထွန်းစေဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကေအန်ပီပီက  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013