DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် သိန်းနှင့်ချီသေဆုံးသည့် နိုင်ငံ ၅ နိုင်ငံထိရှိလာ၊ မြန်မာတွင် ၃၁၃၈ ဦး သေဆုံး
DVB
·
February 2, 2021
ကိုဗစ်-၁၉ ကြောင့် သိန်းနှင့်ချီသေဆုံးသည့် နိုင်ငံ ၅ နိုင်ငံထိရှိလာ၊ မြန်မာတွင် ၃၁၃၈ ဦး သေဆုံး
Donate to DVB

ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဦးရေ ၁ သိန်းကျော်ရှိလာခဲ့ပြီး နောက်မှာတော့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သိန်းနဲ့ချီ သေဆုံး ရတဲ့ နိုင်ငံ ၅ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနိုင်ငံ ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ မက္ကဆီကို၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံ တွေ ဖြစ်ကြပြီး အမေရိကန်နိုင်ငံက သေဆုံးသူ ၄ သိန်းခွဲကျော်၊ ရောဂါကူးစက်ခံရသူ ၂၆ ဒသမ ၇ သန်းကျော်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။

သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်၊ ရောဂါကူး စက်ခံရသူ ၉ ဒသမ ၁ သန်းကျော်၊ မက္ကဆီကိုနိုင်ငံက သေဆုံးသူ ၁ သိန်းခွဲကျော်၊ ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်နဲ့ ရပ်တည်နေပါတယ်။

အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၁ သိန်းခွဲကျော်၊ ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၇ သန်းကျော် ရှိနေတာပါ။

အဲဒီနိုင်ငံတွေနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ ဒ သမ ၈ သန်းကျော်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၁ သိန်းကျော်လာခဲ့တဲ့ ဗြိတိန်နိုင်ငံ က ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံးအဆင့် ၅ နေရာမှာ ရှိနေပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ဟာ ၁၀၃ သန်းကျော်လာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက် ဟာလည်း ၁၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြ ထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၅၂၂ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် ရောဂါကူးစက်မှုအမြင့်ဆုံး အမှတ်စဉ် ၈၃ နေရာမှာ ရှိနေပါတယ်။

ဥရောပနိုင်ငံတွေထဲမှာတော့ ရုရှား၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူ ၃ သန်းကျော်စီရှိနေပြီး စပိန်၊ အီတလီနဲ့ ဂျာမနီနိုင်ငံတွေက ကူးစက်ခံရ သူ ၂ သန်းကျော်စီနဲ့ ထိပ်ဆုံး ၆ နိုင်ငံအနေနဲ့ ရပ်တည်နေကြကာ သေဆုံးသူအရေအတွက်ကတော့ ၅ သောင်းကျော်ကနေ ၁ သိန်းကျော်ကြားမှာ ရှိနေတာပါ။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် တူရကီက ရောဂါကူးစက်ခံရသူ ၂ ဒသမ ၄ သန်းကျော်၊ အီရန်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၁ သန်းကျော်စီနဲ့ အသီးသီးရှိနေပြီး သေဆုံးသူအရေအ တွက်ကတော့ ၂ သောင်းကျော်ကနေ ၅ သောင်းကျော်ကြားမှာ ရှိနေပါတယ်။

အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၅ သိန်း ၂ သောင်းကျော်၊ သေဆုံးသူ ၁ သောင်းကျော် ရှိနေတာပါ။

မြန်မာနိုင်ငံကတော့ သေဆုံးသူ ၃,၁၃၈ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲ တတိယ မြောက် သေဆုံးမှု အမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့ပြီး လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရ သူအရေအတွက် ၁ သိန်း ၄ သောင်းကျော် ရှိနေပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၂ ဒသမ ၂ သန်းကျော်လာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၇၅ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013