DVB Logo
Home
မြန်မာသတင်း
၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ တပ်မဟာ ၅ နယ်မြေ ထီးလော်သီထတွင် ကျင်းပ
DVB
·
January 31, 2021
၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ တပ်မဟာ ၅ နယ်မြေ ထီးလော်သီထတွင် ကျင်းပ
1 / 10
Donate to DVB

၇၂ ကြိမ်မြောက် ကရင်တော်လှန် ရေးနေ့  စစ်ရေးပြအခမ်းအနားကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကွမ်းပင်ဝကျေးရွာအုပ်စု၊ ထီးလော်သီထကျေးရွာမှာ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနားကို ၇၁ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ကေအန်အယ်အေ တပ်မဟာ ၅ ဌာနချုပ်၊ ဒေးပူနိုမှာ ကျင်းပပြုလုပ်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ကန့်ကွက်အကြောင်းကြားစာပို့ထားပေမယ့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ စစ်ကြောင်းအလိုက် ချီတက်တာ၊ တပ်အပ်တာ၊ စစ်ကြောင်းမှူးက စစ်ကြောင်းကို စစ်ဆေးတာ၊ ကရင်အလံတော်နဲ့ ကျဆုံးသွားတဲ့ ကရင်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ပါတယ်။

ဆက်လက်ပြီး ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်​ကြီး စောမူတူးစေးဖိုး ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ တပ်မဟာ ၅ ဖာပွန်ခရိုင် ဥက္ကဌက ကရင်တော်လှန်းရေးနေ့ဖြစ်ပေါ်လာပုံနဲ့ တပ်မဟာ ၅ စစ်ဗျူဟာမှူးတို့က အမှာစကား ပြောကြားခဲ့ပါတယ်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်​ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာမှာ “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ မိမိတို့ပြည်ထောင်စုကြီး၏ နိုင်ငံရေး ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ အခန်းကဏ္ဍများတွင် မိမိတို့ပြည်ထောင်စုကြီး၏ အခြေအနေနှင့် ကိုက်ညီသော ပံ့ပိုးကူညီမှုများဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းလိုပါသည်” လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ဖာပွန်ခရိုင်ဥက္ကဋ္ဌ စောထဲဒယ်က ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးကို အကြိမ်ကြိမ်အခါခါ တောင်းဆိုသလို ငြိမ်းချမ်းရေးလိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကရင်ဒေသမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ အထူးသဖြင့် တပ်မဟာ ၅ မဲဝိုင်ဖက်မှာ တပ်မတော်ရဲ့ ကျူးကျော်မှု၊ လူအခွင့်အရေးချိုးဖောက်မှု၊ တိုက်ပွဲတွေ ပုံဖော်မှုတွေနဲ့ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုတွေကိုလိုလားပြီး၊ ပြည်တွင်းစစ်ကို အလိုမရှိကြောင်း၊ စစ်ပွဲတွေကို ရပ်တန့်စေဖို့ ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်တာတွေ ရှိနေပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013