DVB Logo
Home
မြန်မာသတင်း
ဟားခါး-ထန်တလန်ကားလမ်းတွင် ကား ၁ စီး ပေ ၅၀၀ အနက်ချောက်ထဲကျ၊ ၂ ဦးသေဆုံး
DVB
·
January 31, 2021
ဟားခါး-ထန်တလန်ကားလမ်းတွင် ကား ၁ စီး ပေ ၅၀၀ အနက်ချောက်ထဲကျ၊ ၂ ဦးသေဆုံး
1 / 4
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဟားခါး-ထန်တလန်ကားလမ်းမှာ ဇန်နဝါရီလ ၃၀ ရက်နေ့   ညနေက ကားတစ်စီး ချောက်ထဲကျခဲ့တာကြောင့် လူ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ထန်တလန်ကနေ ဟားခါးမြို့ဆီ မောင်းနှင်လာတဲ့ PRADO အမျိုးအစားယာဉ်ဟာ ဟားခါး-ထန်တလန်ကားလမ်း မိုင်တိုင်အမှတ် (၃/၁)နဲ့ (၃/၂)ကြားမှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၅၀၀ ခန့်နက်တဲ့ ချောက်ထဲကို ထိုးကျခဲ့တာလို့ သိရပါတယ်။

ဟားခါးမြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်က သေဆုံးသွားသူတွေက ကားမောင်းသူနဲ့ ၁၃ နှစ်အရွယ် သူ့ရဲ့ သမီးဖြစ်သူပါ။ နှစ်ယောက်လုံးကတော့ ဖြစ်တဲ့နေရာမှာတင် သေဆုံးသွားတယ် ၊ ချောက်ကလည်း အတော်နက်တယ်လို့ ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ယာဉ်မောင်းဖြစ်သူ ဦးချွမ်းလိန်းနဲ့ သမီးဖြစ်သူ မဗန်ပါရ်အဲမ်တို့ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို ဟားခါးမြို့နယ် မီးသတ်ယာဉ် ၁ စင်းနဲ့ သူနာပြုယာဥ် ၁ စင်းအပါဝင် မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေခဲ့ပြီးနောက် ရုပ်လောင်းတွေကို ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကားမှောက်လူသေဆုံးမှုနဲ့ ပတ်သက်လို့ ဟားခါးမြို့မရဲစခန်းက စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး၊ Photo - ဟားခါးခရိုင်မီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013