DVB Logo
Home
Lead Story
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ တွင် Lockdown စဖြေလျှော့
DVB
·
January 30, 2021
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ တွင် Lockdown စဖြေလျှော့
Donate to DVB

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အထူးဒေသ ၂ မိုင်းပေါက်ခရိုင်အတွင်း Lockdown စတင် ဖြေလျှော့တာတွေ လုပ်နေပြီဖြစ်တယ်လို့ လားရှိုးအခြေစိုက် “ဝ” ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်၊

 “မိုင်းပေါက်ခရိုင်အတွင်းမှာပေါ့နော် စတင်ပြီးတော့ ဖြေလျှော့နေပါပြီ။ ကူးစက်ခံရတဲ့သူက ၃၀၀ ဝန်းကျင်မှာ ၂၀၀ ကျော်တော့ ဆေးရုံဆင်းခွင့် ရပါပြီ။ ကျန်ရှိတဲ့သူတွေလည်း အရမ်းပြင်းထန်တဲ့ ဝေဒနာခံစားရတဲ့သူတော့  မတွေ့ရဘူး။”

အခုလို ဖြေလျှော့မှုလုပ်ရာမှာ ဒေသတွင်း  ပိတ်မိနေတဲ့ အလုပ်သမားတွေရော၊ “ဝ”ဒေသကနေ အစိုးရထိန်းချုပ် နယ်မြေကို သွားလိုတဲ့ ခရီးသွားတချို့ကိုလည်း စိစစ်ပြီးခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ ဦးညီရမ်းက ဆိုပါတယ်။

UWSA ထိန်းချုပ်နယ်မြေမှ ပြည်တွင်းကို သွားရောက်လိုတဲ့သူတွေဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အထူးဒေသ ၂ ပန်ဆန်း (ပန်ခမ်း) မြို့က “ဝ” ပြင်ပဆက်ဆံရေးရုံးနှင့်နယ်စပ်ဒေသနဲ့ တိုင်းရင်းသားရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးတွေမှာ ဇန်နဝါရီ ၂၉ ရက်စလို့  ဆက်သွယ်သတင်း ပေးပို့နိုင်ပြီ ဖြစ်ပါတယ်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များလာတာကြောင့် ၂၀၂၀ အောက်တိုဘာလမှစလို့ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ Lockdown ချထားခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိ ဖြေလျှော့မှုက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မြောက်ပိုင်းအတွက်သာဖြစ်ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့တောင်ပိုင်း မိုင်းတုံမြို့နယ်၊ ဟွေအောဒေသတွေအနေနဲ့ ဒေသရဲ့ အစီအစဉ်အရသာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အထူးဒေသ (၂) “ဝ” မှာ ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်း ၁၁ နာရီအထိ COVID-19 ရောဂါပိုးတွေ့လူနာ ၃၀၄ ဦး၊ ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၁၉၂ ဦး ရှိပြီး ပိုးတွေ့လူနာအသစ်နဲ့ သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အတွက် တရုတ်နိုင်ငံ၊ မုန်းလင်မြို့ ကြက်ခြေနီအသင်းက ကျွမ်းကျင်ပညာရှင်တွေနဲ့ “ဝ”ပြည်နယ် ကျန်းမာရေးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

သတင်း - Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013