DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ကျပ်သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုစ္စည်းများ ဖမ်းမိ
DVB
·
January 30, 2021
တာချီလိတ်တွင် ကျပ်သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုစ္စည်းများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

ကျိုင်းတုံ-တာချီလိတ်ကားလမ်း၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းကာ မယ်လိတ်ပါကော်-ဖန်မင်ရွာတောလမ်းအတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေဖြစ်တဲ့ ကဖင်းများ တရားမဝင်သယ်ဆောင်လာတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဲဒီလမ်းဝန်းကျင်မှာ ပိတ်ဆို့ စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၄ နာရီမှာ မာထယ်(ခ)အလီး  မောင်းနှင်ပြီး ကျကျိုရှီး လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ်ရောက်အား ရပ်တန့်ရှာဖွေနေစဉ် နောက်မှ ဆက်လက်လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ် ၃ စီးမှာ နောက်ပြန်လှည့်မောင်းပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ်တွေရဲ့ ဘီးတွေပေါက်ပြီး ဆက်လက်မောင်းနှင်မရတော့တာကြောင့် အဆိုပါယာဉ်တွေပေါ်က ဒါယေ၊ ပေါလို့၊ ကျဘို၊ မယ်နူး(ခ)အားဖျော့တို့ ၄ ဦး ထွက်ပြေး လွတ်မြောက်သွားပါတယ်။

မော်တော်ယာဉ် ၄ စီးနဲ့ သယ်ဆောင်လာတဲ့ ကဖင်း ၆၀၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတရားခံတွေရဲ့ ဖော်ထုတ်ချက်အရ ကဖင်းတွေကို မာထယ်(ခ)အလီးက ဦးဆောင်ပြီး တစ်ဖက်နိုင်ငံနယ်စပ်မှတစ်ဆင့် ပြည်တွင်းကို သယ်ယူခဲ့တာဖြစ်ပြီး ကျိုင်းလပ်မြို့နယ်၊ မယ်ခေါင်မြစ်ဘေးရှိ ကျကကျေးရွာကနေ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာကို သယ်ဆောင်လာတာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဖမ်းဆီးမိထားသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013