DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ်ကိုလက်ခံရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများကို တိုက်တွန်း
DVB
·
January 29, 2021
ရွေးကောက်ပွဲရလဒ်ကိုလက်ခံရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများကို တိုက်တွန်း
Donate to DVB

တပ်မတော်အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ဇန်နဝါရီလ ၂၉ ရက်မှာ   ပူးတွဲကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်အခြေခံကာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအလွန်ကာလမတည်မငြိမ်ဖြစ်မှု၊ အာဏာလွှဲပြောင်းမှုကြန့်ကြာစေနိုင်သလို မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်း နှောင့်နှေးတုံ့ဆိုင်းသွားမှာကို နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေတယ်လို့ဆိုပါတယ်။ 

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာမှုတွေအရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေလေ့လာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်အများစုရဲ့ သဘောထားနဲ့အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်တွေဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ အနေနဲ့ တွေ့ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် အားနည်းချက်တွေကို သင်ခန်းစာယူပြီး နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးညှိနှိုင်း ပြင်ဆင်တာဟာ အနာဂတ်ရွေးကောက်ပွဲလုပ်ငန်းစဉ် ပိုမို ကောင်းမွန်လာရေးအတွက် မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ပူးတွဲကြေညာတဲ့အဖွဲ့တွေထဲမှာ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၊  မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့၊  ပဲခူးဒေသလေ့လာ စောင့်ကြည့်ရေးအဖွဲ့၊ အောက်ချင်းအရပ်ဘက်လူမှုအဖွဲ့၊ ကဒူးလူငယ်ဖွံ့ဖြိုးရေးအသင်း၊ မြန်ဖရယ်၊ Rainmaker၊ နယူးမြန်မာ ဖောင်ဒေးရှင်း၊ ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်းနဲ့ ဖန်တီးအိမ် စတဲ့အဖွဲ့တွေ  ပါဝင်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013