DVB Logo
Home
Lead Story
The Voice Myanmar တေးသံရှင် ဂျပန်ကြီးသီချင်းသစ်-“နယ်မြို့လေး”(ရုပ်သံ)
DVB
·
January 29, 2021
The Voice Myanmar တေးသံရှင် ဂျပန်ကြီးသီချင်းသစ်-“နယ်မြို့လေး”(ရုပ်သံ)
Donate to DVB

“တောင်တန်းကြီးတွေ ဖြတ်ကျော်သွား… ငါတို့မြို့လေး ဟိုးအဝေးမှာ… တဖြည်း ဖြည်း ပျောက်ကွယ်ဝေဝါး… တိတ်တဆိတ် ကျန်ခဲ့တာ… ငါမရင်းနှီးတဲ့ လောကဒဏ် ခ ရီး… မိသားစုနဲ့ဝေးရပ်ဆီ… အိပ်မက်တချို့ကို သယ်ရင်း… ကျောခိုင်းထွက်ခဲ့ပြီးမှ… ရင် ထဲမှာ ဆို့နင့်လို့ နေပြီ… အလွမ်းရဲ့ မီးလျှံကြီး… မြို့လေးဆီ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ The Voice Myanmar တေးသံရှင် ဂျပန်ကြီးရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“နယ်မြို့လေး”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေးသားဇော်က ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ကြီးဟာ ပြီးခဲ့တဲ့ The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ အားပေးမှု ရရှိခဲ့သူပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က လာရောက်ယှဉ်ပြိုင်သူ အသက် ၂၃ နှစ်အရွယ် ပြိုင် ပွဲဝင် ဂျပန်ကြီးဟာ Blind Audition အဆင့်မှာ တေးရေးတေးဆို စစ်သူရဲ့ သီချင်းတ ပုဒ်ဖြစ်တဲ့ ငါ့ဘဝ သီချင်းနဲ့ အစွမ်းပြ ယှဉ်ပြိုင်သွားခဲ့တာပါ။ 

ပြိုင်ပွဲဝင် ဂျပန်ကြီးရဲ့ ထူးခြားတဲ့ အသံနဲ့ ငါ့ဘဝသီချင်းနဲ့ သီဆိုမှုဟာ Coach ၄ ယောက်စလုံးကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး အားလုံးက လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် Coach တွေနဲ့ အမေးအဖြေပြုလုပ်ချိန်မှာတော့ သူ့ကို သီချင်းနောက် တပုဒ်သီဆိုပြဖို့ တောင်းဆိုခံခဲ့ရပြီး တေးသံရှင် ရေမွန်သီဆိုထားတဲ့ နာမည်ကြီး “ဆု လာဘ်” သီချင်းနဲ့ သီဆိုပြခဲ့ချိန်မှာတော့ အားလုံးက လက်ခုပ်တီးအားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပြိုင်ပွဲရဲ့ စည်းကမ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက တယောက်ကို ပြိုင်ပွဲ ဝင်က ရွေးချယ်ရချိန်မှာတော့ ဂျပန်ကြီးက Coach တွေထဲက ကျားပေါက်ကို ရွေးချယ်ခဲ့ တာမို့ Team ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

Battle Round အဆင့်မှာတော့ ဂျပန်ကြီးက အဖွဲ့ထဲက ပြိုင်ပွဲဝင် တွမ်ပီးနဲ့အတူ အိမ်ကိုပြန်ခဲ့တော့ သီချင်းနဲ့ အပြိုင်ကြဲသီဆိုအစွမ်းပြခဲ့တာပါ။ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာ တော့ Coach ကျားပေါက်က တွမ်ပီးကို ရွေးချယ်ခဲ့ပြီး ဂျပန်ကြီးကိုတော့ Coach ရန်ရန် ချန်းက Steal လုပ်ခဲ့တာမို့ နောက်တဆင့်ကို ဆက်လက်တက်လှမ်းနိုင်ခဲ့တာပါ။

KnockOut Round မှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ဂျ ပန်ကြီးက တေးရေးစစ်သူရဲ့ ဒုတိယအကြိမ်လွင့်မျောနဲ့ ယှဉ်ပြိုင်ခဲ့ပြီး သူနဲ့အတူ နော်ဂျာ လေး၊ Jen Jeng နဲ့ မိုးသားတို့က သီချင်းတပုဒ်စီနဲ့ အပြိုင် အစွမ်းပြခဲ့ကြတာ ဖြစ်ပါ တယ်။

သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach ရန်ရန်ချန်းက မိုး သားနဲ့ Jen Jeng တို့ကို ရွေးချယ်ခဲ့တာမို့ ဂျပန်ကြီးက ဒီအဆင့်ကနေ လက်ပြနှုတ်ဆက် ရတာ ဖြစ်ပါတယ်။

“နယ်မြို့လေးဘဲ ငါလွမ်းတယ်… တစ်ယောက်တည်း ငါ တမ်းတလို့ ကြေကွဲ… အ ရင်လို နွေးထွေးမှုနဲ့ အလင်းရောင်တွေကို… ဘယ်သူများပေးနိုင်မလည်း… မာယာများ တဲ့ မြို့ကြီးအလယ်… အဖော်မဲ့ လှုပ်ရှားရင်း ရုန်းကန်ဆဲ… မျှော်လင့်ချက်လေး ဖြစ် မြောက်တဲ့တနေ့… ဆက်ဆက်ပြန်ခဲ့မယ်… မြို့လေးထဲ”

ခုတခါ ဂျပန်ကြီးရဲ့ သီဆိုဟန်နဲ့ နယ်မြို့လေး သီချင်းထဲမှာတော့ ရည်ရွယ်ရာ ပန်း တိုင်ဆီ လျှောက်လှမ်းရင်း အဝေးက မြို့လေးဆီ တမ်းတလွမ်းဆွတ်မှုတွေကို ခံစားမှုအား ကောင်းကောင်းနဲ့ သီဆိုထားခဲ့တာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013