DVB Logo
Home
မြန်မာသတင်း
The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲဝင် ၈ ဦးထွက်ပေါ်
DVB
·
December 10, 2020
The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲဝင် ၈ ဦးထွက်ပေါ်
Donate to DVB

လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်ပြိုင်ပွဲကို ခုတပတ်က စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက N Oo L နဲ့ ဆလိုင်းတီလျန်၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက ဘဝနဲ့ တွမ်ပီး၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ခင်ရတ နာစိုးနဲ့ ပန်၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက IV ထူးနဲ့ Error အဖွဲ့တို့က ပရိသတ်ကပေး တဲ့ Vote တွေနဲ့အတူ ဆက်လက်ယှဉ်ပြိုင်ကြရမှာပါ။

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက် ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ၊ စတုတ္ထအဆင့် Live Show ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၂ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၈ ယောက်သာ ကျန်ရှိနေခဲ့ကာ ခုလာမယ့် ပဉ္စမအဆင့် ဆီမီးဖိုင်နယ်မှာ အကြိတ် အနယ် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ထုတ်လွှင့်ပြသတော့မယ့် ဆီမီးဖိုင်နယ်အဆင့် မှာရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ် အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013