DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားအများစုရှိသည့် စမွတ်စခွန်းတွင် ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံဖွင့်လှစ်
DVB
·
January 29, 2021
မြန်မာလုပ်သားအများစုရှိသည့် စမွတ်စခွန်းတွင် ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံဖွင့်လှစ်
1 / 3
Donate to DVB

မြန်မာရွေ့ပြောင်းလုပ်သားတွေ အများစုရှိရာ ဘန်ကောက်မြို့အနားက  စမွတ်စခွန်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ နေ့စဉ် ရာနဲ့ချီတိုးပွားနေတဲ့အတွက် ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံကြီးတစ်ရုံကို ဒီကနေ့  ဖွင့်လှစ်လိုက်ပါတယ်။ 

ဆေးရုံကြီးဆောက်ဖို့  ဇန်နဝါရီလ ၅ ရက်နေ့က စတင်မြေညှိကာ ၉ ရက်နေ့မှာ ပန္နက်ချ တည်ဆောက်ခဲ့ပြီး ဒီကနေ့မှာ ဖွင့်လှစ်နိုင်တဲ့အတွက် တည်ဆောက်ချိန် ရက်ပေါင်း ၂၀ သာ ကြာမြင့်ခဲ့ပါတယ်။

ဆေးရုံထဲမှာ ဟောခန်းကျယ်ကြီး ၂ ခန်းရှိပြီး  ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ထိုင်း လူမျိုးနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပါ ခွဲခြားမှုမရှိဘဲ တန်းတူကုသမှုရရှိစေဖို့၊ ကိုဗစ်-၁၉ ကူးစက်မှုပျောက်ကင်းဖို့ရည်ရွယ်ပြီး  တဘက်တလမ်းကနေကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အလှူရှင် နိုင်းဝပ်ထန ဒဲန်းမဏီးက သတင်းထောက်တွေကို ပြောပါတယ်။ 

ဆေးရုံဖွင့်ပွဲအခမ်းအနားကို ဒီကနေ့မနက် ၇ နာရီခွဲမှာ ကျင်းပပြီး ကိုဗစ်-၁၉ ကူးစက်ခံ ထားရလို့ နာမကျန်းဖြစ်နေတဲ့ စမွတ်စခွန်းခရိုင်ဝန်ကို ရည်စူးကာ သံဃာတော်တွေ ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ ခရိုင်ဝန်အတွက် ဇာတာဆက်ခြင်း အခမ်းအနားကိုပါ ကျင်းပခဲ့ ပါတယ်။

အဆိုပါ ခုတင် ၁၀၀၀ ခန့် ယာယီကွင်းပြင်ဆေးရုံကြီးမှာ စမွတ်စခွန်းမြို့ ဖန်းတိုက်နရ ဆင်ရပ်ကွက်ထဲမှာတည်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးဝန် နိုင်းဝပ်ထန ဒဲန်းမဏီးက သူ့ကိုယ်ပိုင်မြေ ကွက်ထဲမှာ အလှူငွေထည့်ဝင်ဆောက်လုပ်ထားတာလို့ ဆိုပါတယ်။ 

စမွတ်စခွန်းခရိုင်ထဲမှာ ဇန်နဝါရီလ ၂၈ ရက်အထိ  ကိုဗစ်-၁၉ လူနာသစ် နောက်ထပ် ၇၆၅ ဦးတွေ့ရှိပြီး အဲဒီထဲမှာ ထိုင်းလူမျိုး ၂၀၈ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမား ၅၅၇ ဦးတို့ပါဝင်ကာ အများစုဟာ ရောဂါလက္ခဏာမပြဘူးလို့သိရပါတယ်။

စမွတ်စခွန်းခရိုင်ထဲမှာ လူပေါင်း ၁၀၄၅၁၅ ဦးကို စစ်ဆေးခဲ့ပြီး  အဲဒီထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၈၈၄၅ ဦးရှိကာ  သက်သာပျောက်ကင်းသူ ၁၃၉၆ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိတယ်လို့ စမွတ်စခွန်းကိုဗစ် ၁၉ ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ 

ထိုင်းတနိုင်ငံလုံးအခြေအနေရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ လူနာသစ် ၈၀၂ ဦးရှိပြီး အဲဒီ ထဲမှာ ရွှေ့ပြောင်းလုပ်သား ၆၉၂ ဦးပါဝင်ပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၇၀၂၃ ဦးရှိပြီး ၁၁၃၉၆ သက်သာပျောက်ကင်းကာ သေဆုံးသူ ၇၆ ဦးရှိကာ လက်ရှိဆေးရုံမှာ ကုသမှုခံယူနေသူပေါင်း ၅၅၅၁ ဦးရှိပါတယ်။ 

ကိုးကား-  prachachat

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013