DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၄၃၄ ဦး၊ သေဆုံးသူ ၇ ဦးထပ်တိုး
DVB
·
January 27, 2021
ကိုဗစ်-၁၉ လူနာသစ် ၄၃၄ ဦး၊ သေဆုံးသူ ၇ ဦးထပ်တိုး
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၃၄ ယောက်နဲ့ သေဆုံးသူ ၇ ယောက် ထပ်တိုးလာတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၇ ယောက်စလုံးဟာ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၆ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၇  ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆,၅၅၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၃၄ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၈၉  ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၈၂  ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက  အယောက် ၁၀၇ ပါဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၈၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း    ၁၃၈,၈၀၂ယောက်၊ သေဆုံးသူ ၃,၀၈၉ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း အယောက်  ၁၂၃,၁၇၀ ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo-MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013