DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာဒုံးအက UNESCO စာရင်းဝင်နိုင်ရန် ဝန်ကြီးချုပ် မျှော်လင့်
DVB
·
January 27, 2021
ကရင်ရိုးရာဒုံးအက UNESCO စာရင်းဝင်နိုင်ရန် ဝန်ကြီးချုပ် မျှော်လင့်
Donate to DVB

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ဖို့ ကရင်ပြည်နယ်အစိုးရအနေနဲ့ အဆုံးထိမျှော်လင့်ထားတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ မှာ ပြုလုပ်တဲ့ UNESCO ကို တင်သွင်းမယ် ကရင်ရိုးရာဒုံးအက တင်ဆက်ကပြပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က “UNESCO ကိုရောက်ဖို့ အဆုံးထိအောင် မျှော်လင့်ထားတယ်။ ရမယ်လို့လည်း မျှော်လင့်တယ်။ ကျမတို့ တိုင်းရင်းသားထဲမှာ အရင်တုန်းက ဒါတွေကို ပြုစုပျိုးထောင်ပြီးတော့ မှတ်တမ်းမသိမ်းဆည်းခဲ့ရင် အခုချိန်မှာ ကျမတို့ ဘာမှ မလုပ်နိုင်ဘူး”လို့ ပြောပါတယ်။

ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်၊ ဒေါ်နန်းစေးအွာက“ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့က ကျမတို့ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာအက ဒီလိုရှိနေတယ်ဆိုတာ အကုန်လုံးသိသွားကြပြီ။ ပိုပြီးတော့ စိတ်ဝင်စားလာကြမယ်”လို့ ဆိုပါတယ်။

ကရင်ရိုးရာဒုံးအကကို UNESCO ကို တင်သွင်းနိုင်ဖို့ တစ်နှစ်လောက် အချိန်ယူဆောင်ရွက်ခဲ့ ရတယ်လို့ ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

“ကျနော်တို့ စခဲ့တာလွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက စပြီးဆွေးနွေးခဲ့တယ်။  အဘက်ဘက်က ဘတ်ဂျက်ရှိမှုအခြေအနေတွေကော ကိုဗစ်အခြေအနေတွေကော တော်တော်ကို ချိန်ယူပြီး လုပ်ခဲ့တယ်။ အချိန်တိုအတွင်း မှာလုပ်ဆောင်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။

ကရင်ရိုးရာဒုံးအကတွေဖြစ်တဲ့ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ မျက်မှောက်ခေတ်နဲ့ ပဒေသရာဇ်ခေတ် စတဲ့ ခေတ် ၄ ခေတ်ကာလက ဒုံးအကတွေကို စံချိန်စံညွှန်းအတိုင်း UNESCO ကို တင်သွင်းမှာဖြစ်ပါတယ်။

ကရင်ရိုးရာဒုံးအကကို ပြည်နယ်အဆင့်အနေနဲ့ မတ်လအတွင်း အပြီးပြင်ဆင်ဆောင်ရွက် သွားမှာဖြစ်ပြီး အမျိုးသားအဆင့်ဗဟိုကော်မတီမှာ ရွေးချယ်ခံရပါက UNESCO ကို ဆက်လက် တင်သွင်းသွားမှာဖြစ်ပါတယ်။

ကရင်ရိုးရာဒုံးအကအပြင် ရှမ်းပြည်နယ်က လက်ဖက်အသုံးပြုတဲ့ ဓလေ့၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဒေသကြီးက ကြိုးကြီးချိတ်လုပ်ငန်းတွေကို UNESCO ကို တင်သွင်းဖို့ပြင်ဆင်နေတယ် လို့ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013