DVB Logo
Home
မြန်မာသတင်း
DMG သတင်းဌာနအယ်ဒီတာနှင့် သတင်းထောက်ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
DVB
·
January 26, 2021
DMG သတင်းဌာနအယ်ဒီတာနှင့် သတင်းထောက်ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group(DMG) သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက်မနှင်းနွယ်တို့ကို တပ်မတော်က ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်လှစ်ထားပါတယ်။ 

သတင်းမမှန်မကန် ဖော်ပြတယ်ဆိုပြီး ဇန်နဝါရီလ ၂၃ ရက်က စစ်တွေမြို့ အမှတ် (၂)နယ်မြေရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်လှစ်ထားတာလို့  DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက  ပြောပါတယ်။

တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက “ကျနော်တို့ DMG သတင်းဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့မှာဖော်ပြခဲ့တဲ့ ကျောက်တော်မြို့နယ် မာလာကျေးရွာသတင်းနဲ့ ပတ်သက်ပြီးတော့ အမှုဖွင့်တာလို့ ကျနော်တို့သိရတယ်၊ အဲဒီသတင်းကိုရေးတဲ့ သတင်းထောက်နှင်းနွယ်ရယ်၊ ကျနော့်ကိုလည်း တာဝန်ရှိတယ် ဆိုပြီးတော့ တာဝန်ခံအနေနဲ့ဖွင့်တာလို့ သိရတယ်။ နှစ် ယောက်လုံး ကိုတော့ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်ပေါ့နော်။ ကျနော်တို့ ရဲစခန်းကိုသွားမေးကြည့်တော့ အဲဒီ သတင်းက မမှန်တဲ့အတွက် အမှုဖွင့်တာလို့ ပြောတယ်။ တရားလိုကတော့ တပ်မတော်ဘက်က ဗိုလ်မှူး ဘုန်းမြင့်ကျော်လို့ သိရတယ်။ အမှုဖွင့်ထားတာတော့ အမှတ်(၂)နယ်မြေ ရဲစခန်းမှာပေါ့”လို့ ပြောပါတယ်။

သတင်းမီဒီယာတွေနဲ့ပတ်သက်ပြီး တစုံတရာ မကျေနပ်မှုရှိပါက သတင်းမီဒီယာကောင်စီ က တဆင့် ဆက်သွယ်ရောက်ရွက်ရမှာဖြစ်တယ်လို့ သတင်းမီဒီယာဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ အမှုနဲ့ပတ်သက်ပြီး အခုလိုတိုက်ရိုက်တရားစွဲ ဆိုတာဟာ မဖြစ်သင့်သလို အဆိုပါသတင်းနဲ့ပတ်သက်ပြီးလည်း မီဒီယာကျင့်ဝတ်နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်လို့လည်း DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။

အမှုဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းထိုက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကိုမေးမြန်းဖို့ ပြောပါတယ်။

ခုလို သတင်းသမား ၂ ယောက်ကို  တရားစွဲဆိုတာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးမင်းသန်းတို့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့  ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလကလည်း DMGသတင်းဌာနမှ အယ်ဒီတာချုပ်ဦးအောင်မင်းဦးကို သတင်းတပ်ဖွဲ့က တရားလိုပြုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၂)နဲ့ အမှုဖွင့်လှစ်ခံခဲ့ရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 ၂၀၂၀ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြခဲ့တဲ့ မောင်တောမြို့နယ်ရှိတံတားပျက်စီးမှု သတင်းနဲ့ပတ်သက်ပြီးလည်း DMGသတင်းဌာနရဲ့ မောင်တောအခြေစိုက်သတင်းထောက် ကိုအောင်ကျော်မင်းကို လမ်းတံတားဦးစီးဌာန တာဝန်ရှိသူက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးပုဒ်မ-၆၆(ဃ)နဲ့ မောင်တော ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

သတင်း - နောင်နောင် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013