DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိလာ
DVB
·
January 26, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိလာ
Donate to DVB

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်းသန်း ၁၀၀ ကျော် လာခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၆ သန်းကျော်ကတော့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ကူးစက် ခံထားရပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ ၂ ဒသမ ၁ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၇၂ ဒသမ ၁ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၅ ဒသမ ၈၂ သန်းကျော်၊ သေဆုံးသူ ၄၃၁,၀၄၀ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၆၇ သန်းကျော်၊ သေဆုံးသူ ၁၅၃,၆၂၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၈၅ သန်းကျော်၊ သေဆုံးသူ ၂၁၇,၁၃၃ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ တောင်အာဖရိက၊ အီရန်၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၁၁၅ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၅ ယောက်နဲ့ ခုရက်ပိုင်း အ တွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၉ ဒသမ ၉ သိန်းကျော်၊ အီရတ်နဲ့ အစ္စရေးနိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်း ကျော်စီနဲ့ အသီးသီးရပ် တည်နေပါတယ်။

အဲဒီနောက်မှာတော့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကူးစက်ခံ ရသူဦးရေ  ၅ သိန်းကျော်စီနဲ့ အသီးသီးရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၃၇,၉၅၇ ယောက်၊ သေဆုံးသူ ၃,၀၆၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူ ပေါင်း ၁၂၂,၁၁၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၆,၈၄၉ ယောက်နဲ့ သေဆုံးသူ ၆၈၉ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၃၅၂ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၃,၆၈၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ၇၅ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၄၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၅ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၄၅၈ ယောက်နဲ့  ၄၄ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013