DVB Logo
Home
မြန်မာသတင်း
အစ္စရေးစီးပွားရေးသမားကို အဂတိမှုဖြင့် ဆွစ်ဇာလန်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်ချ
DVB
·
January 24, 2021
အစ္စရေးစီးပွားရေးသမားကို အဂတိမှုဖြင့် ဆွစ်ဇာလန်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်ချ
Donate to DVB

ဆွစ်ဇာလန်နိုင်ငံက ရာဇဝတ်မှုခုံရုံးက အစ္စရေးစီးပွားရေးသမား ဘန်နီစတိန်းနက်ဇ်ကို အဂတိလိုက်စားမှု နဲ့ အပြစ်ရှိကြောင်း တွေ့ခဲ့လို့ ထောင်ဒဏ် ၅ နှစ်၊ ငွေဒဏ်အမေရိကန်ဒေါ်လာ ၅၆.၄၈သန်းနဲ့ ညီမျှတဲ့ ဆွစ် ဖရန့်ငွေ သန်းငါးဆယ် ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

 ဇန်နဝါရီ ၂၂ရက်မှာ ချမှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ အာရုံစိုက်အခံရဆုံး တရားစီရင်ရေး အငြင်းပွားမှုမှာ အနိုင်ရတဲ့ အထင်ကရ စီရင်ချက်လည်း ဖြစ်လာပါတယ်။

 စတိန်းနက်ဇ်ကတော့ အယူခံ ဝင်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့အကြွယ်ဝဆုံး သံသတ္ထုရိုင်းသိုက် တူးဖော်ခွင့်ရဖို့ စူးစမ်းရှာဖွေခွင့်အတွက် အမေရိကန်ဒေါ်လာ ဆယ်သန်းကို လာဘ်ထိုးဖို့ ရှဲလ်ကုမ္ပဏီတွေနဲ့ ဘဏ်အကောင့်တွေရဲ့ ကွန်ရက်တွေကနေတဆင့် ပေးချေခဲ့တယ်ဆိုတဲ့ စွဲချက်အတွက် စတိန်းနက်ဇ်နဲ့ အပေါင်းပါ ၂ ယောက်ကို သီတင်းပတ် ၂ ပတ်ကြာ စစ်မေးအပြီးမှာ ခုလို စီရင်ချက်ချလိုက်တာပါ။

 စတိန်းနက်ဇ်ရဲ့ အမှုတွဲ ၂ ယောက်ကိုတော့ ထောင်ဒဏ် ၃ နှစ်ခွဲနဲ့ ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013