DVB Logo
Home
မြန်မာသတင်း
တပ်မတော် မဲစာရင်းစိစစ်မှုကို မြဝတီမြို့တွင် ထောက်ခံဆန္ဒပြ
DVB
·
January 23, 2021
တပ်မတော် မဲစာရင်းစိစစ်မှုကို မြဝတီမြို့တွင် ထောက်ခံဆန္ဒပြ
1 / 5
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော်က မဲစာရင်းစိစစ်တာကို ထောက်ခံတဲ့အနေနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းတည့်ပိုင်းက လမ်းလျှောက်ဆန္ဒထုတ်ခဲ့ကြပါတယ်။

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ မြစန္ဒီပန်းခြံကနေ အင်အား ၃၀ လောက်နဲ့ စတင်ထွက်ပြီး ဆေးရုံရှေ့နဲ့ မြဝတီမြို့နယ်စည်ပင်ရုံးအရှေ့ ဘုရားကြီးရှေ့အရောက်မှာ လူစုခွဲကြပါတယ်။

ဆန္ဒပြသူတွေက ပြည်ထောင်စုလွတ်တော်အတွင်း တရားဥပဒေ စိုးမိုးရေး၊ မဲမသမာမှုကိစ္စရပ်တွေ အမှန်တရားပေါ်အောင်မျိုးချစ်တပ်မတော်က အမြန်ဆုံး ဖော်ထုတ်ပေးရေး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအား အရေးယူပေးရေးအပါအဝင် အချက် ၁၀ ချက်ကို ကြွေးကြော်ခဲ့ကြပါတယ်။

မြဝတီမြို့နယ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ဆန္ဒပြပွဲ ဦးဆောင်တဲ့ ဦးရဲထွဋ်ပိုင်နဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က တပ်မတော်ရဲ့ မဲစာရင်းစိစစ်မှုကို ထောက်ခံတဲ့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ထုတ်သူ  ဦးဇော်မင်းထွန်းတို့ နှစ်ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုထားတယ်လို့ သိရပါတယ်။

အလားတူ ကော့ကရိတ်မြို့နယ်မှာ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၁ ဦးကိုလည်း ပုဒ်မ ၁၉ နဲ့ ကော့ကရိတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖိုးစီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013