DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်က ကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ
DVB
·
January 23, 2021
၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်က ကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ
Donate to DVB

၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်တွေအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်နဲ့ တရားမဝင် သယံဇာတ ထုတ်ယူနေတဲ့ တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ စုစုပေါင်း ၇၄ စီး ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

တပ်မတော်က တရားမဝင်သစ်တွေ နေရာဒေသတစ်ခုတည်းမှာ တချိန်တည်း မြောက်မြားစွာ ဖမ်းဆီးရမိမှုအနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အနောက်ဘက် ပင်လယ်ပြင်နဲ့ ဆက်စပ်မြစ်ချောင်းတွေကနေ ရတနာတန်းဝင်ကျွန်းသစ် ၃၆၀ တန်အပါအဝင် ပိတောက်၊ ကညင်နဲ့ အခြားသစ် စုစုပေါင်း ၃,၆၂၉ ဒသမ ၄၅ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၈ ဘီလီယံခန့်) နဲ့ အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီးတစ်စီးအပါအဝင် သင်္ဘော၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကချင်ပြည်နယ်အတွင်း ကျွန်းသစ်တန်ချိန် ၂၈၂ တန်ကျော်အပါအဝင် အခြား သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရှမ်းပြည်နယ်အတွင်ေမှာ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန် ၂၁၀၀ ကျော်၊ ယာဉ်ယန္တရား ၈၄ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးမိခဲ့ပါတယ်။

အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန် ၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို လွှဲပြောင်း အပ်နှံပေးခဲ့ပါတယ်။

 ဒါကြောင့် တပ်မတော်က ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ ကျွန်းသစ်တွေအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အရှည်စုစုပေါင်း ရေမိုင် ၁၂၆၀ ဒသမ ၅၆ မိုင်၊ ပိုင်နက်ရေပြင်ဧရိယာစတုရန်းမိုင် တစ်သိန်းလေးသောင်းကျော်အထိကျယ်ဝန်း ရှည်လျားတဲ့ မြန်မာ့ကမ်းရိုးတန်း ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သွားလာမှု မရှိစေရေး၊ အဖိုးတန်ရေအောက် သယံဇာတတွေ တရားမဝင်ခိုးထုတ်တာမရှိစေဖို့နဲ့ ပင်လယ်ပြင်လုံခြုံရေးတို့အတွက် တပ်မတော်(ရေ)က ရေနဂါးစစ်ဆင်ရေး၊ မြစ်ဧရာစစ်ဆင်ရေးတို့နဲ့ နေ့ညမပြတ် လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရေပိုင်နက်အတွင်းမှာ တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ ၆ စီးနဲ့ မှောင်ခိုလုပ်ကိုင်သူအယောက် ၃၀၊ တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့ ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ ၆၈ စီးနဲ့ မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦး၊ စုစုပေါင်း ဖမ်းမိတဲ့ တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ အရေးယူနိုင်ဖို့ သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်အနေအနေနဲ့ ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက် သယံဇာတတွေကို တရားမဝင် ထုတ်ယူရောင်းချမှု မရှိစေဖို့ သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်းကာကွယ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013