DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ၊ ကမ္ဘာတဝန်း သေဆုံးသူ ၂ သန်းကျော်ရှိ
DVB
·
January 22, 2021
မြန်မာတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ၊ ကမ္ဘာတဝန်း သေဆုံးသူ ၂ သန်းကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃,၀၀၀ ကျော်ရှိလာ ပြီးနောက် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ သေဆုံးမှုအမြင့်ဆုံးအဆင့် ၅၈ နေရာကို ရောက်ရှိနေပါတယ်။

တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၂ သန်းကျော်လာခဲ့ပြီဖြစ်ကာ သိန်းနဲ့ချီသေဆုံးတဲ့ နိုင်ငံ ၄ နိုင်ငံထိ ရှိနေတယ် လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေကတော့ သန်းနဲ့ချီ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေဖြစ်ကြပြီး သေဆုံးသူအရေ အတွက် ၄၁၈,၅၇၆ ယောက်၊ ၂၁၃,၁၈၀ ယောက်၊ ၁၅၃,၀၅၃ ယောက်နဲ့ ၁၄၄,၃၇၁ ယောက်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ယူကေ၊ အီတလီ၊ ပြင်သစ်နဲ့ ရုရှားနိုင်ငံတွေက သန်းနဲ့ချီ ကူး စက်ခံထားရပြီး သေဆုံးသူအရေအတွက် ၉၄,၅၈၀ ယောက်၊ ၈၄,၂၀၂ ယောက်၊ ၇၁,၉၉၈ ယောက်၊ ၆၇,၈၃၂ ယောက်စီနဲ့ အစဉ်လိုက် ရှိနေတာပါ။

အာရှဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေ ဆုံးသူအရေအတွက် ၅၇,၁၅၀ ယောက်နဲ့ အမှတ်စဉ် ၉ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၁ ဒသမ ၃ သန်းကျော် ရှိနေတာပါ။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၇,၂၀၃ ယောက်နဲ့ အမှတ်စဉ် ၁၇ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၉၅၁,၆၅၁ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀,၁၁၆ ယောက်နဲ့ အမှတ် စဉ် ၃၁ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၅၀၇,၇၁၇ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သေဆုံးသူ ၇,၉၆၆ ယောက်နဲ့ အမှတ်စဉ် ၃၈ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၃၀,၂၇၁ ယောက် ရှိနေတာပါ။

ဂျပန်နိုင်ငံမှာတော့ သေဆုံးသူ ၄,၇၄၃ ယောက်နဲ့ အမှတ်စဉ် ၄၅ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၅,၂၂၁ ယောက် ရှိနေပါတယ်။

ရောဂါကူးစက်မှု စတင်ရာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ သေဆုံးသူစုစုပေါင်း ၄,၆၃၅ ယောက်နဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၄၇ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၈,၇၀၁ ယောက် ရှိနေပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက သေဆုံးသူ ၃,၀၁၃ ယောက်နဲ့ အမှတ်စဉ် ၅၈ နေရာမှာ ရှိနေတာ ဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၂ ဒသမ ၂ သန်းကျော်၊ အတည်ပြုလူနာစုစုပေါင်း ၁၃၆,၁၆၆ ယောက်၊ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၁၉,၉၇၃ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၆၄၂ ယောက်နဲ့ အမှတ်စဉ် ၉၃ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၇၂,၅၄၉ ယောက် ရှိနေပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သေဆုံးသူ ၇၁ ယောက်နဲ့ အမှတ်စဉ် ၁၅၁ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂,၇၉၅ ယောက် ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံမှာတော့ သေဆုံးသူ ၃၅ ယောက်နဲ့ အမှတ်စဉ် ၁၆၇ နေရာမှာ ရှိနေပြီး သူ့နောက်မှာတော့ ရောဂါကူးစက်ခံရသူ ၅၉,၀၀၀ ကျော်ရှိနေပေမယ့် သေဆုံးသူ ၂၉ ယောက်နဲ့ စင်ကာပူနိုင်ငံက အမှတ်စဉ် ၁၆၈ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံကတော့ သေဆုံးသူ ၃ ယောက်နဲ့ အမှတ်စဉ် ၁၉၀ နေရာမှာ ရှိနေပြီး သူ့နောက်မှာတော့ မွန်ဂိုလီးယားနိုင်ငံက သေဆုံးသူ ၂ ယောက်၊ ဘူတန်နိုင်ငံက သေဆုံး သူ ၁ ယောက်နဲ့ အာရှဒေသတွင်း သေ ဆုံးမှုအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။

တခြားအာရှဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ တီမော၊ မကာအိုနဲ့ လာအိုနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၁၀၀၀ အောက် ရှိနေပေမယ့် လက်ရှိအချိန်ထိ သေဆုံးသူ တဦးတယောက်မှ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၉၇ သန်းကျော်ရှိလာခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက် ကတော့ သန်း ၇၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013