DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း အဓမ္မပြုကျင့်မှု ၁၃၈ မှုဖြစ်ပွား
DVB
·
January 20, 2021
ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း အဓမ္မပြုကျင့်မှု ၁၃၈ မှုဖြစ်ပွား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း  အဓမ္မပြုကျင့်မှုပေါင်း ၁၃၈ မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အဓမ္မပြုကျင့်ခံရမှု ၁၃၈ ကြိမ်မှာ အသက်မပြည့်သေးတဲ့သူ အဓမ္မပြုကျင့်ခံရမှု ၁၀၂ မှုထိရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

"အဓမ္မပြုကျင့်တဲ့အမှု အားလုံး​ပေါင်း ၁၃၈ မှုရှိပါတယ် အဲ့အထဲမှာ အသက် မပြည့်သေးတဲ့သူ ပြုကျင့်ခံရတာ များပါတယ်'' လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း  ဧရာဝတီတိုင်းဒေသကြီးမှာ မှုခင်းဖြစ်ပွားမှု စာရင်းထဲက အမှုကြီးဖြစ်ပွားမှု ၃၂၀ ထိရှိခဲ့ပြီး အဲ့အထဲမှာ လူသတ်မှု ၁၄၉ မှုပြီးရင် အဓမ္မပြုကျင့်ခံရမှုက အများဆုံးဖြစ်ပွားနေတာပါ။

ဧရာဝတီတိုင်းမှာ ၂၀၁၉ တုန်းက အဓမ္မပြုကျင့်ခံရမှု ၁၃၇ မှုရှိခဲ့ပြီး အဲ့အထဲမှာ အသက်မပြည့်သေးတဲ့သူ အဓမ္မပြုကျင့်ခံရတဲ့အမှု ၈၉ မှုပါဝင်တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013