DVB Logo
Home
မြန်မာသတင်း
မွန်တွင် စည်းကမ်းလိုက်နာပါက တိုင်းနှင့်ပြည်နယ်က ပြန်လာသူများကို ကွာရန်တင်းစနစ် ဖြုတ်ပေးမည်
DVB
·
January 19, 2021
မွန်တွင် စည်းကမ်းလိုက်နာပါက တိုင်းနှင့်ပြည်နယ်က ပြန်လာသူများကို ကွာရန်တင်းစနစ် ဖြုတ်ပေးမည်
Donate to DVB

ပြည်သူတွေ စည်းကမ်းလိုက်နာပါက တိုင်းနဲ့ပြည်နယ်က ပြန်လာသူတွေကို သတ်မှတ်ထားတဲ့ ကွာရန်တင်းစနစ် ဖြုတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ်မှာတော့ တခြားတိုင်းနဲ့ ပြည်နယ်က လာရောက်သူတွေနဲ့ နိုင်ငံရပ်ခြား ပြန်လာသူတွေ အစိုးရက သတ်မှတ်ထားတဲ့ ကွာရန်တင်း ဒါမှမဟုတ် ဟိုတယ် ကွာရန်တင်းတွေမှာ ၇ ရက် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်တဲ့ စနစ်ကို ကျင့်သုံးနေတာပါ။ 

လက်ရှိမှာတော့ ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေဟာ ရောဂါပိုး စစ်ဆေးမခံဘဲ ဝင်ရောက်တာ၊ ခိုးဝင်တာတွေ ရှိနေတဲ့အတွက်ကြောင့် နေအိမ်မှာစောင့်ကြည့်ပြီး ရောဂါပိုး စစ်ဆေးတဲ့ စနစ်ကို လုပ်ဆောင်ဖို့ တိုက်တွန်းတာတွေ ရှိနေတာပါ။ 

ကျန်းမာရေးဦးစီးဌာနကတော့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်ဆိုရင် တိုင်းနဲ့ပြည်နယ်က ပြန်လာသူတွေကို သတ်မှတ်ထားတဲ့ ကွာရန်တင်းစနစ် ဖြုတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ တခြားတိုင်းနဲ့ပြည်နယ်က လာသူတွေကို ကွာရန်တင်းစနစ် ကျင့်သုံးနေပေမယ့် ခိုးဝင်တာတွေကြောင့် ထိရောက်မှု မရှိတော့ဘူးလို့ ကိုဗစ်ရောဂါ ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်မှာ ပါဝင်ကူညီနေသူတွေ ပြောပါတယ်။

ဒါအပြင် ရန်ကုန်က ပြန်လာသူတွေကို မွန်ပြည်နယ်မှာ ကွာရန်တင်းထားရှိတာဟာ လက်ရှိ လူဦးရေ အချိုးနဲ့ ပိုးတွေ့ရှိနှိုင်းယှဉ်ရင် ကွာတော့တာ မဟုတ်တဲ့အတွက်ကြောင့် ပြည်သူတွေ အသွားအလာ လုပ်တဲ့နေရာ အခက်အခဲရှိလာတဲ့အတွက်ကြောင့် ဒီစနစ်ဟာ မဖြစ်သင့်တော့ဘူးလို့ မော်လမြိုင် Isolation Ward 3 စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာ သက်ကျော်စိုးက ပြောပါတယ်။

ဒါကြောင့် တခြားတိုင်းနဲ့ပြည်နယ်က ပြန်လာသူတွေကို ရောဂါပိုး စစ်ဆေးပြီး နေအိမ်မှာ စောင့်ကြည့်တဲ့ စနစ်အား ကျင့်သုံးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ အဓိက ထိတွေ့ထားတဲ့သူတွေကို နေအိမ် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်တဲ့ စနစ်ကို ကျင့်သုံးနေတာပါ။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013