DVB Logo
Home
မြန်မာသတင်း
အင်းဝ မြင်းလှည်းသမားများ မြင်းစာခက်ခဲ၍ အကောင်ရေ တစ်ဝက်ကျော် ရောင်းချထားရ 
DVB
·
January 19, 2021
အင်းဝ မြင်းလှည်းသမားများ မြင်းစာခက်ခဲ၍ အကောင်ရေ တစ်ဝက်ကျော် ရောင်းချထားရ 
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝရှေးဟောင်းဒေသမှ မြင်းလှည်းမောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေဟာ ကိုဗစ်ကာလ ၉ လကျော်အကြာ မြင်းစာအခက်အခဲ ရှိလာတဲ့အတွက် မြင်းအကောင်ရေ တစ်ဝက်ကျော် ရောင်းချနေရတယ်လို့ သိရပါတယ်။

အင်းဝမြင်းယာဥ်အသင်း အဖွဲ့ဝင် ဒေါ်ဌေးဌေးက "၃ လပိုင်းကတည်းက မထွက်ခဲ့ရတဲ့ဟာက အခုထိ  လုံးဝမထွက်ခဲ့ရပါဘူး၊ လူကလည်း မြင်းကို မှီခိုပြီး စားသောက်နေကြရတယ်။ မြင်းစာလည်း အခက်အခဲရှိသလို လူစာလည်း အခက်အခဲရှိပါတယ်။ တောလုပ်ကိုင်လိုက်လုပ်မယ်ဆိုတော့လည်း တောလုပ်ငန်းက မရှိတော့ဘူး၊ အိုးထုပ်တန်း တစ်ရွာတည်းတင် မြင်းအစီးရေ ၁၀၀ကျော် ရောင်းချထားရပါတယ်" လို့ ပြောပါတယ်။

အင်းဝဒေသမှာ မြင်းအကောင်ရေ ၂၀၀ ကျော်နဲ့ မြင်းလှည်းပြေးဆွဲနေတာဖြစ်ပြီး အခု လက်ရှိမှာ မြင်းစာအခက်အခဲကြောင့် မြင်းအကောင်ရေ ၁၀၀ ကျော်ကို ရောင်းချထားရတယ်လို့ ဆိုပါတယ်။

အင်းဝမြင်းယာဥ်အသင်းဥက္ကဋ္ဌ ဦးထွန်းဆွေက "မြင်းလှည်းတွေ ရပ်နားလိုက်ရတာ ၉ လ ကျော် ပြီးခဲ့ပြီး အခက်အခဲတွေက ရှိခဲ့ပြီပေါ့။ မြင်းယာဥ်မောင်းသူတွေအနေနဲ့ မြင်းစာအတွက် အခက်အခဲရှိသလို လူတွေအတွက်လည်း စားဝတ်နေရေးအခက်အခဲရှိနေပါတယ်။ မြင်းယာဥ် မောင်းသူတွေက မြင်းလှည်းနဲ့ မှီခိုရတာဖြစ်တော့ အရင်က စုဆောင်းမိသူတွေက မြင်းတွေ ကျွေးနိုင်ပေမယ် မစုဆောင်းမိတဲ့ လူတွေကတော့ မြင်းကျွေးဖို့ အခက်အခဲ ရှိပါတယ်" လို့ ပြောပါတယ်။

အင်းဝဒေသက ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပြီး ဒေသခံအများစုက ခရီးသွားလုပ်ငန်းတွေ အပေါ် မှီခိုနေရအတွက် စားဝတ်နေရေးအခက်အခဲအပြင် မြင်းလှည်းသမားတွေက မြင်းစာ အခက်အခဲ ရှိနေတာပါ။

သော်တာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013