DVB Logo
Home
မြန်မာသတင်း
ကိုဗစ်တတိယလှိုင်း ရှိလာနိုင်သဖြင့် ပေါ့ပေါ့ဆဆမနေကြရန် ပုသိမ်ဆေးရုံအုပ်ကြီး သတိပေး
DVB
·
January 19, 2021
ကိုဗစ်တတိယလှိုင်း ရှိလာနိုင်သဖြင့် ပေါ့ပေါ့ဆဆမနေကြရန် ပုသိမ်ဆေးရုံအုပ်ကြီး သတိပေး
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းရှိလာနိုင်သေးလို့ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့ ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က သတိပေးလိုက်ပါတယ်။

ပုသိမ်မြို့မှာ ရောဂါဖြစ်ပွားသူထဲက သေဆုံးသူအရေအတွက်နည်းပါတာကြောင့် ကိုဗစ် ရောဂါဟာ ပြီးသွားတာမဟုတ်ဘဲ အရှိန်အေးသွားတဲ့အနေအထားရှိတာကြောင့် ပြည်သူတွေ အနေနဲ့   ပေါ့ပေါ့ဆဆမနေကြဖို့ လိုတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် ကျန်းမာရေး၀န်ထမ်းတွေလည်း ကူးစက်ခံရတာတွေရှိနေပြီး အဲ့လိုကြားထဲမှာ စိတ်ဓာတ်မပျက်အောင် ၀န်ထမ်းတွေကို အမျိုးမျိုး စိတ်ဓာတ်မြှင့်တင်ပေးပြီးတော့ လုပ်နေရတာ၊ တကယ်လို ကျန်းမာရေး၀န်ထမ်းတွေ စိတ်ဓာတ်ပျက်ပြီးတော့ အလုပ်ကို စွန့်ခွာသွားမယ်ဆိုရင် ပြည်သူတွေပဲ နစ်နာမှာဖြစ်ပါတယ်။ အဲ့တော့ ပြည်သူတွေကို မှာချင်တာက ပြီးသွားတာ မဟုတ်ဘူး၊ အလယ်ခေါင်မှာ နည်းနည်းအရှိန်သေနေတာဖြစ်ပါတယ်။ အဲ့တာကြောင့် ပေါ့ပေါ့ ဆဆ မနေစေချင်ဘူး။”

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာတွေ ၁၀ သိန်း ၄ သောင်းကျော်ထိရှိလာသလို သေဆုံးသူ ဦးရေ ၃ ထောင်နီးပါးရှိပြီဖြစ်ပါတယ်။

“ရောဂါကူးလည် ဘာမှမဖြစ်ဘူးဆိုတဲ့ အသိတွေ၀င်နေတယ်။ တကယ်တော့ ဘာမှမဖြစ်တာ မဟုတ်ဘူး၊ ဘာမှမဖြစ်အောင်လုပ်ထားလို့ ဘာမှမဖြစ်တာပါ။ အစကတည်းက နည်းမျိုးစုံနဲ့ ကြိုတင် ကာကွယ်ထားလိုသာ ခုချိန်မှာ ဒီလောက် သေဆုံးတဲ့နှုန်းနဲ့ ထိန်းထားနိုင်တာ” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013