DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း အရပ်ဘက် ကုသရေးစင်တာ ၇ ခုသာ ကျန်ရှိ
DVB
·
January 16, 2021
ရန်ကုန်တိုင်းအတွင်း အရပ်ဘက် ကုသရေးစင်တာ ၇ ခုသာ ကျန်ရှိ
Donate to DVB

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့တာ နည်းလာတာကြောင့် ကုသရေးစင်တာတွေ အသင့်အနေအထားနဲ့ ပိတ်သိမ်းလာပြီး အရပ်ဘက်မှာ ကုသရေးစင်တာ ၇ ခုပဲ ကျန်တော့တာတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုဟာ ၂၀၀ အောက်ကို ရောက်လာတာ ၄ ရက်ဆက်တိုက် ရှိနေပါပြီ။ 

အဲဒီလို လူနာတွေ လျော့နည်းလာလို့ ကုသရေးစင်တာတချို့ကိုလည်း အသင့်အနေအထားနဲ့ ပိတ်သိမ်းလာတာကြောင့် အရပ်ဘက်ကုသရေး စင်တာ ၁၅ ခုအနက် ၇ ခုပဲ ကျန်တော့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ Facility Quarantine မှာလည်း ထိတွေ့လူနာထားတာ ၅၀၀ အောက်ကို ရောက်လာသလို ကုသရေးစင်တာတွေလည်း တဖြည်းဖြည်း နည်းလာတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။ 

ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာ နည်းလာသလို အနံ့ပျောက်လူနာတွေလည်း လျော့နည်းလာပါတယ်။ အရင်က တစ်ရက်ကို အနံ့ပျောက်လူနာ ၂၀၀ ကနေ ၃၀၀ ဝန်းကျင်လောက် လာပြကြပေမယ့် အခုရက်ပိုင်းအတွင်းမှာ ၁၀ ယောက် ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ 

ဆေးရုံကိုလာပြတဲ့ PUI လူနာတွေလည်း တစ်ရက်ကို ၆ ဦးလောက်သာ ရှိတော့တယ်လို့ လှိုင်သာယာမြို့နယ်ဆေးရုံအုပ် ဒေါက်တာခင်ရူပါစိုးက ပြောပါတယ်။ 

ရန်ကုန်တိုင်းအတွင်း ကျန်ရှိနေတဲ့ အရပ်ဘက်ကုသရေးစင်တာ ၇ ခုကတော့ ဖောင်ကြီး၊ ရိုးမ၊ အောင်မြင့်မိုရ်၊ ဧရာစင်တာ၊ Fortune စင်တာ၊ အင်လျားစင်တာနဲ့ သံဃာတော်တွေကို ကုသမှုပေးနေတဲ့ စင်တာတွေသာ ရှိတော့တာဖြစ်ပြီး ကျန်တဲ့စင်တာ ၈ ခုကတော့ အသင့်အနေအထားနဲ့ ပိတ်သိမ်းထားပါတယ်။

သင်းသင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013