DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့က သက်ကြီးဘိုးဘွား ၁၀၀၀ ခန့်ကို ဆန်ဆီနှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့
DVB
·
January 15, 2021
ရွှေဘိုမြို့က သက်ကြီးဘိုးဘွား ၁၀၀၀ ခန့်ကို ဆန်ဆီနှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး အသက် ၇၀ နဲ့အထက် သက်ကြီးဘိုးဘွားတွေကို ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း အစီအစဉ်တရပ်အနေနဲ့ ဒုတိယအကြိမ် ဆန် ဆီ အစရှိတဲ့ စားသောက်ကုန်တွေကို ကူညီထောက်ပံ့မှု ပေးနေပါတယ်။

ကိုဗစ်ကာလ စားဝတ်နေရေးခက်ခဲမှုတွေကို ကူညီတဲ့အနေနဲ့ ပြည်သူကလှူထားတာကို ပြည်သူ့ကို ပြန်လည်လှူကြတာလို့ မျှဝေနေတာ ဒီနေ့နဲ့ သုံးရက်ရှိပြီလို့ သိရပါတယ်။

 ဦးဆောင်ဆရာတော် အရှင်နိမလ(တဂဏန်း)က  “ပက်ကေ့တခုကို တစ်သောင်းနှုန်းနဲ့ တက်နိုင်သလောက်လာလှူသူတွေလည်း ရှိသလို ၁၀ သိန်း၊ သိန်း ၂၀ လှူကြသူတွေလည်း ရှိတယ်။ အဲဒီပစ္စည်းတွေကို သက်ကြီးဘိုးဘွားတွေဆီ ကိုယ်တိုင်ကိုယ်ကျသွားပြီး ကိုဗစ်စည်းကမ်းနဲ့အညီ လှူကြတာဖြစ်တယ်။ ကိုဗစ်ကာလ ခက်ခဲနေကြတော့ သူတို့ တအားဝမ်းသာကြတယ်။” မိန့်ပါတယ်။

ကိုဗစ်ကာလရှည်ကြာလာတာနဲ့အမျှ လုပ်ငန်းရှင်ကြီးတွေလည်း စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာကြသလို၊ အခြေခံလူတန်းစားတွေအနေနဲ့လည်း စားဝတ်နေရေး ကြပ်တည်းလာကြတဲ့အထိ ဖြစ်နေကြတာပါ။

ပြည်သူမှပြည်သူသို့မျှဝေခြင်း အဖွဲ့အနေနဲ့ ကိုဗစ်ပထမလှိုင်းမှာတုန်းကလည်း ရွှေဘိုမြို့ပေါ်က အခြေခံလူတန်းစားဦးရေ ၂၂၀၀ ကျော်ကို တစ်ဦးငွေတစ်သောင်းကျပ်နဲ့ ညီမျှတဲ့ ဆန်၊ ဆီ အစရှိတဲ့ အခြေခံစားကုန်တွေကို ဝေပေးခဲ့ပါတယ်။

အခုတကြိမ်မှာလည်း သက်ကြီးဘိုးဘွား ၁၀၀၀ ကျော်လောက်ကို တစ်ဦး တစ်သောင်းကျပ်နဲ့ ညီမျှတဲ့ ဆန် ၆ ပြည်၊ ဆီ ၁ ဘူး၊ ငံပြာရည် ၁ ပုလင်း၊ ကြက်ဥ ၁၀ လုံးနဲ့ လိမ်းဆေးဘူးတွေကို ထပ်မံ ဝေငှထောက်ပံ့ပေးနေတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်မတ်လကစ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ကပ်ရောဂါကာလအတွင်း အစိုးရအနေနဲ့ အခြေခံလူတန်းစားတွေကို ပထမဆုံးအကြိမ် ဆန်၊ ဆီ စားကုန်တွေဝေငှခဲ့ကာ အခြေခံလူတန်းစားစာရင်းကျန်ခဲ့တာတွေကို ဒုတိယ အကြီမ် ၁၅၀၀၀ စီ ဝေငှခဲ့ပါတယ်။ နောက်ထပ် ၄ ကြိမ်လုံးကိုတော့ ငွေ ၂၀၀၀၀ စီထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

မြို့နယ်တိုင်းက အသင်းအဖွဲ့တွေနဲ့ ပရဟိတသမားတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တတ်နိုင်သလောက် ကူညီထောက်ပံ့နေကြတာလည်း ဖြစ်ပါတယ်။

အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013