DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၉၀၀ ကျော်၊ အာရှ သေဆုံးမှု အမြင့်ဆုံးအဆင့် ၁၆ ဖြစ်လာ
DVB
·
January 14, 2021
မြန်မာတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၉၀၀ ကျော်၊ အာရှ သေဆုံးမှု အမြင့်ဆုံးအဆင့် ၁၆ ဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂,၉၀၀ ကျော်ရှိလာ ပြီးနောက် အာရှဒေသတွင်း သေဆုံးမှုအမြင့်ဆုံးအဆင့် ၁၆ နေရာကို ရောက်ရှိနေပါတယ်။

တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁ ဒသမ ၉၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ သိန်းနဲ့ချီသေဆုံးတဲ့ နိုင်ငံ ၄ နိုင်ငံထိ ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေကတော့ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အ မေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေဖြစ်ကြပြီး သေဆုံးသူအရေအတွက် ၃၉၃,၉၂၈ ယောက်၊ ၂၀၆,၀၀၉ ယောက်၊ ၁၅၁,၇၆၅ ယောက်နဲ့ ၁၃၆,၉၁၇ ယောက်စီ သေ ဆုံးခဲ့ရတာပါ။

       အာရှဒေသတွင်းရောဂါကူးစက်ခံရတဲ့ နိုင်ငံ ၄၉ နိုင်ငံထဲမှာတော့ သေဆုံးမှု အများ ဆုံး အိန္ဒိယနိုင်ငံပြီးရင် ရောဂါကူးစက်မှု သန်းချီရှိလာခဲ့တဲ့ အီရန်၊ အင်ဒိုနီးရှား၊ တူရကီနဲ့ အီရတ်နိုင်ငံတွေက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အမြင့်ဆုံး ၅ နိုင်ငံအဖြစ် ရပ် တည်နေ ပါတယ်။

အီရန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၆,၄၅၇ ယောက်နဲ့ ကူးစက်ခံရသူစု စုပေါင်း ၁ ဒသမ ၃ သန်းကျော်၊ အင်ဒိုနီးရှားနိုင်ငံမှာ သေဆုံးသူ ၂၄,၉၅၁ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်း ၈၅၈,၀၄၃ ယောက်၊ တူရကီနိုင်ငံမှာ သေဆုံးသူ ၂၃,၃၂၅ ယောက်နဲ့ ကူးစက်ခံ ရသူစုစုပေါင်း ၂ ဒသမ ၃ သန်းကျော်၊ အီရတ်နိုင်ငံမှာ သေဆုံးသူ ၁၂,၉၁၅ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်း ၆၀၅,၄၁၆ ယောက် ရှိနေခဲ့တာပါ။

အဲဒီနိုင်ငံတွေနောက်မှာတော့ ပါကစ္စတန်နိုင်ငံက ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀,၈၁၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၁၁,၉၂၁ ယောက် ရှိနေပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉,၆၉၉ ယောက်နဲ့ အမှတ်စဉ် ၇ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရ သူစုစုပေါင်း ၄၉၂,၇၀၀ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သေဆုံးသူ ၇,၈၃၃ ယောက်နဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၄,၉၁၀ ယောက် ရှိနေတာပါ။

ရောဂါကူးစက်မှု စတင်ရာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ သေဆုံးသူစုစု ပေါင်း ၄,၆၃၅ ယောက်နဲ့ အာရှဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၇,၈၄၄ ယောက် ရှိနေပါ တယ်။

ဂျပန်နိုင်ငံမှာတော့ သေဆုံးသူ ၄,၁၄၅ ယောက်နဲ့ အမှတ်စဉ် ၁၁ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၉၇,၃၁၅ ယောက် ရှိနေပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက သေဆုံးသူ ၂,၉၀၂ ယောက်နဲ့ အမှတ်စဉ် ၁၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၃၂,၂၆၀ ယောက်၊ သေဆုံးသူ ၂,၉၀၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၅,၆၂၁ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၅၆၃ ယောက်နဲ့ အမှတ်စဉ် ၃၁ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၄၄,၅၁၈ ယောက် ရှိနေပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သေဆုံးသူ ၆၉ ယောက်နဲ့ အမှတ်စဉ် ၃၈ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁,၂၆၂ ယောက် ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံမှာတော့ သေဆုံးသူ ၃၅ ယောက်နဲ့ အမှတ်စဉ် ၄၀ နေရာမှာ ရှိနေ ပြီး သူ့နောက်မှာတော့ ရောဂါကူးစက်ခံရသူ ၅၉,၀၀၀ နီးပါးရှိနေပေမယ့် သေဆုံးသူ ၂၉ ယောက်နဲ့ စင်ကာပူနိုင်ငံက အမှတ်စဉ် ၄၁ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဘရူနိုင်း၊ မွန်ဂိုလီးယားနဲ့ ဘူတန်နိုင်ငံတွေကတော့ သေဆုံးသူ ၃ ယောက် ၂ ယောက်၊ ၁ ယောက်စီနဲ့ အာရှဒေသတွင်းနိုင်ငံ ၄၉ နိုင်ငံမှာ သေဆုံးမှုအနည်းဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

တခြားအာရှဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ တီမော၊ မကာအိုနဲ့ လာအိုနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၁၀၀၀ အောက် ရှိနေပေမယ့် လက်ရှိအချိန်ထိ သေဆုံးသူ တဦးတယောက်မှ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၉၂ ဒသမ ၇၇ သန်းကျော် ရှိလာခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အ ရေအတွက်ကတော့ ၆၆ ဒသမ ၂၉ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013