DVB Logo
Home
မြန်မာသတင်း
အစိုးရအဖွဲ့သစ်တွင် တိုင်းရင်းသားများပါဝင်အောင် ထည့်သွင်းစဉ်းစားပေးရန် TNP ပါတီတင်ပြ
DVB
·
January 14, 2021
အစိုးရအဖွဲ့သစ်တွင် တိုင်းရင်းသားများပါဝင်အောင် ထည့်သွင်းစဉ်းစားပေးရန် TNP ပါတီတင်ပြ
Donate to DVB

အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်နဲ့ အစိုးရသစ် ဖွဲ့စည်းတဲ့အခါမှာ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းပေးဖို့နဲ့  အန်အယ်လ်ဒီရဲ့တိုင်းရင်းသားတွေအပေါ်မှာ ထားရှိတဲ့သဘောထားနဲ့ ပတ်သက်လို့  ပွင့်ပွင်းလင်းလင်းချပြပေးဖို့ တင်ပြဆွေးနွေးခဲ့တယ်လို့ တအာင်း (ပလောင်) အမျိုးသားပါတီ TNP က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့နဲ့  တအာင်း(ပလောင်) အမျိုးသားပါတီခေါင်းဆောင်တွေ မနေ့ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ အန်အယ်လ်ဒီ ရုံးမှာ တွေ့ဆုံခဲ့ရာစဉ်  တင်ပြခဲ့တာလို့  TNP ပါတီ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ပြောပါတယ်။

“ ကျနော်တို့ တင်ပြသွားတာကတော့ အန်အယ်လ်ဒီဦးဆောင်သွားမယ့်၊ ဖော်ဆောင်သွားမယ့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုအရေးသစ်မှာ ကျနော်တို့ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားတွေ ဘယ်လို အခန်းကဏ္ဍ၊ ဘယ်လိုနေရာမှာ ပါဝင်မလဲဆိုတာကိုလည်း ကျနော်တို့ဆွေးနွေးပါတယ်။ အန်အယ်လ်ဒီရဲ့ တိုင်းရင်းသားတွေအပေါ်မှာထားရှိတဲ့ မူဝါဒတွေပေါ့လေ ကျနော်တို့တိုင်းရင်းသားပါတီတွေ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်း သိရအောင်လည်း ချပြဆွေးနွေးပေးဖို့ ဆွေးနွေးပါတယ်။ နောက်လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်ပမှာရော ပါတီချင်းဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့၊ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ ကျနော်တို့ ဆွေးနွေးတာပေါ့။ နောက် ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ဒီပြည်နယ်အဆင့်မှာသော်လည်းကောင်း အစိုးရဖွဲ့စည်းနေရာမှာ တိုင်းရင်းသားတွေ ပါဝင်အောင်လည်း ထည့်သွင်းစဉ်းစားပေး ဖို့ဆွေးနွေးခဲ့ပါတယ်။ ”

ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ပေးဖို့လည်း ပြည်တွင်းဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့လည်း တင်ပြတောင်းဆိုခဲ့တယ်လို့ လည်း မိုင်းအုဏ်းခိုင်က ပြောပါတယ်။

ဒါအပြင် တိုင်းရင်းသားရေးရာဝန်ကြီးတွေကိုလည်း ပိုမိုတိုးမြှင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ 

အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ကတော့  အပြန်အလှန်ဆွေးနွေးတာမရှိခဲ့ဘဲ တိုင်းရင်းသားပါတီဘက်က တင်ပြတဲ့ အချက်တွေကို ဗဟိုကို ပြန်တင်ပြရမှာဖြစ်တယ်လို့ ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်အတွင်းမှာ တအာင်း (ပလောင်) အမျိုးသားပါတီ TNP ဟာ ကိုယ်စားလှယ်နေရာ ၁၂ နေရာ အနိုင်ရထားပါတယ်။ 

အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခေါင်းဆောင်တွေနဲ့ တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီ ပါတီရုံးမှာပဲ တွေ့ဆုံခဲ့ပါတယ်။  ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့တွေဆုံဖို့တော့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ 

အန်အယ်ဒီပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး မွန်ညီညွတ်ရေး ပါတီနဲ့တွေ့ဆုံဖို့ မွန်ပြည်နယ်ကိုရောက်ရှိချိန်မှာတော့ တွေ့ဆုံမယ့်နေရာကိစ္စကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သလို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့တွေ့ဆုံဖို့ နေရာညှိနှိုင်းမှု အဆင်မပြေတာကြောင့် တွေ့ဆုံပွဲ ပျက်ခဲ့ပါတယ်။ 

ဓာတ်ပုံ- NLD-SHAN STATE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013