DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့်တွေ့ဆုံမှုအဆင်ပြေဟု PNO ပါတီပြော
DVB
·
January 14, 2021
အန်အယ်လ်ဒီနှင့်တွေ့ဆုံမှုအဆင်ပြေဟု PNO ပါတီပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်အဖွဲ့နဲ့ ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းက တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီ ရှမ်းပြည်နယ်ရုံးမှာတွေ့ဆုံမှု အဆင်ပြေခဲ့တယ်လို့  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ပြောပါတယ်။


ဒေါက်တာအောင်မိုးညိုခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ် ခရီးစဉ်မှာ အရင်ဆုံး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)ပါတီနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ်။


တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်စံလွင်က“ အဆင်ပြေပါတယ်။ တိုင်းပြည်အတွက်ပဲ။ အားလုံးအဆင်ပြေအောင်တော့ပြောရတာပေါ့နော်”လို့ ဆွေးနွေးပွဲအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။  


အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ညနေပိုင်း ၄ နာရီခွဲလောက်မှာ  တအာင်း(ပလောင်)အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးညီစိန်၊ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်တို့နဲ့  တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီ ပါတီရုံးမှာပဲ ဆက်လက်  တွေ့ဆုံခဲ့ပါတယ်။ 


ဒါ့အပြင် တခြားတိုင်းရင်းသားပါတီတချို့နဲ့လည်းတွေ့ဖို့ရှိပြီး ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ လည်းတွေ့ဆုံဖို့ မျှော်လင့်တယ်လို့ ဒေါက်တာအောင်မိုးညိုကပြောပါတယ်။ 


“နောက် ရွေးချယ်တင်မြှောက်ခံထားရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တစ်ယောက်တို့ နှစ်ယောက်တို့ ရွေးထားတာတွေရှိသေးတယ်။ အဲဒါတွေနဲ့လည်း တွေ့မယ်။ နောက်တစ်ခါ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲ ဒီကို လာတွေ့ဖို့ ကြိုးစားနေပါတယ်။ လာတွေ့မယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေလည်းကောင်းပါတယ်။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” ။


မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နယ်လှည့်သွားရောက်နေတာဖြစ်ပါတယ်။


အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး မွန်ညီညွတ်ရေး ပါတီနဲ့တွေ့ဆုံဖို့ မွန်ပြည်နယ်ကိုရောက်ရှိချိန်မှာတော့ တွေ့ဆုံမယ့်နေရာညှိနှိုင်းမရလို့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကလည်း  လွိုင်ကော်မြို့မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် နေရာပြဿနာကြောင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပါဘူး။ 

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013