DVB Logo
Home
မြန်မာသတင်း
တင်ဒါကိစ္စ အဂတိကင်းစွာ ဆောင်ရွက်နေဟု ပညာရေးဝန်ကြီးဌာန တုံ့ပြန်
DVB
·
January 11, 2021
တင်ဒါကိစ္စ အဂတိကင်းစွာ ဆောင်ရွက်နေဟု ပညာရေးဝန်ကြီးဌာန တုံ့ပြန်
Donate to DVB

သင်ထောက်ကူပစ္စည်းတွေ တင်ဒါခေါ်ယူရာမှာ လုပ်ထုံးလုပ်နည်းအတိုင်း  အဂတိတရားကင်းကင်းနဲ့ ဆောင်ရွက်နေကြောင်း ပညာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားလိုက်ပါတယ်။

လက်ရှိ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်း ၁၀၀၀ အတွက် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ဖို့ တင်ဒါခေါ်ယူရာမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ လွဲမှားနေပြီး မသမာမှုတွေရှိနေတယ်လို့ ဝေဖန်ပြောဆိုရေးသားမှုတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြန်လည်တုံ့ပြန် လိုက်တာပါ။

"အားလုံးကို နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာနတွေရဲ့ တင်ဒါစည်းမျဉ်း စည်းကမ်းအတိုင်းပဲ ဆောင်ရွက်ခဲ့တာ၊ မဟုတ်တာလုပ်ခဲ့ရင် အဂတိနဲ့ ငြိပြီး အကုန်ထောင်ထဲ ရောက်ကုန်မှာပေါ့" လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ 

လူမှုကွန်ရက်မှာဝေဖန်ပြောဆိုနေကြတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တင်ဒါခေါ်ယူမှု ကိစ္စမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကျောင်း ၁၀၀၀အတွက် သင်ထောက်ကူ ပစ္စည်းအတွက် ဘတ်ဂျက်  သိန်း ၁၀၀၀၀ ကျော်ရှိတဲ့ တင်ဒါခေါ်ယူမှုမှာ ပတ်သက်ရာ ကုမ္ပဏီတစ်ခုတည်းကို တင်ဒါတွေပုံအောပေးဖို့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီး တင်ဒါပြင်ဆင်ဖို့ ရက်မှာလည်း လုပ်ထုံးလုပ်နည်းနဲ့ လွဲမှားနေတာတွေကို တားဆီးပေးဖို့ ရေးသား ပြောဆိုထားတာပါ။ 

ဒါပေမဲ့ ဒီရေးသားပြောဆိုချက်တွေဟာ စွပ်စွဲပြောဆိုထားတာတွေသာဖြစ်ပြီး အချက်အလက်တွေ မှားယွင်းနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

"ရေးသားပြောဆိုတာတွေက ကျနော်တို့လည်း သိရတယ်၊ အကုန်မမှန်ဘူး။ စွပ်စွဲ ပြောဆိုချက်တွေပါတယ်။ တင်ဒါခေါ်တဲ့နေရာမှာ တင်ဒါပြင်ဆင်ရက်ကို တစ်လမပေးပဲ လျော့သွားတာပဲ ရှိတယ်။ အဲ့ဒါက ပြန်တိုးပေးလို့ရတယ်၊ ကျန်တာ လုပ်ထုံး၊ လုပ်နည်းအရပဲ ဆောင်ရွက်ခဲ့တာ”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။ 

အခုလို ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းချက် တစ်ခုခြင်းစီနဲ့ ပြန်လည်ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ 

လူမှုကွန်ရက် စာမျက်နှာမှာ တင်ဒါကိစ္စနဲ့ပက်သက်ပြီး ဝေဖန်ပြောဆိုရေးသားထားတဲ့ May Yu Thazin ဆိုတဲ့အကောင့်အမည်ကို အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည် ဆက်သွယ်ပြောဆိုခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013