DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
January 10, 2021
ရင်ဖွင့်စာ
Donate to DVB


ကာကွယ်ဆေးထိုးပြီး အခြေအနေ

အခြေအနေကတော့ နဲနဲဖျားတယ် ပြောရမယ်နဲ့တူတယ်။ကိုယ်ကိုထိုးတဲ့ဆေးက Moderna ဖြစ်တယ်။



Pfizer ရော moderna ရော နှစ်မျိုးစလုံးကို သုံးတယ်။ တချို့က Pfizerထိုးခံကြရတယ်။

ဆေးနှစ်မျိုးစလုံးမှာ တချို့က ဖျားနာတာတွေရှိတယ်။ တချို့ကတော့ second doses ကို ထိုးတော့မှဖျားကြတယ်။ ဆေးနှစ်မျိုးစလုံးနှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီး ဆယ့်ငါးမိနစ် စောင့်ကြည့်ပါတယ်။ ဘာမှ reaction signs တွေ တခုခု ပြမလာဘူးဆိုမှ သွားခွင့်ပြုလိုက်ပါတယ်။ ပထမဆယ့်ငါးမိနစ်မှာ ကိုယ်ကို ပြန်လွတ်လိုက်တယ်။ တချို့ အရေးပေါ် ပို့ရတယ် ပြောပါတယ်။ ဒါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပါဘူးတဲ့။

တနေကုန် အလုပ်ဆက်လုပ်နေလိုက်ပြီး အိမ်ပြန်ရောက်တဲ့ အခါမှာတော့ ကိုယ်နေလို့မကောင်းဖြစ်လာတယ်

အသားအရေတွေကပူနေပြီး ခန္ဓာကိုယ်အတွင်းပိုင်းမှာတော့ အရမ်းချမ်းတယ်။ အဖျားတိုင်းကြည့်တော့ အဖျားမရှိပါဘူး။ ခေါင်းနဲနဲကိုက်သလို ခံစားရတယ်။ လူကနှုံးခွေလာတယ်။ အာခေါင်တွေ ခြောက်ပြီး ရေပဲသောက်ချင်တယ်။ ကိုဗစ်ဖြစ်တုံးကတောင် ကိုယ့်အခြေအနေ ဒီလောက်မဖြစ်ဘူးထင်မိတယ်။

ဆိုးတာက ဆေးထိုးပြီး လက်မောင်းတခုလုံးမလှုပ်ချင်အောင် နာကျင်နေတာပါပဲ 😫

အသက်ရှုုကြပ်တာတော့ မဖြစ်ပါဘူး။

မနက်အလုပ်သွားနိုင်ပါ့မလားလို့တောင် စိုးရိမ်မိတယ်။ ဒါပေမဲ့ ဒီနေ့မနက် စောစောထပြီးအလုပ်သွားလိုက်တယ်။ လူကတော့ နှုံးခွေနေပြီး ရင်ထဲမှာချမ်းနေတာကတော့ မပျောက်သေးဘူးရယ်။ အလုပ်မလုပ်နိုင်ရင်ပြန်မယ်လို့စဉ်းစားရင်း အချိန်ပြည့် အလုပ်လုပ်ဖြစ်သွားတယ်။ တနေကုန် ချမ်းစိမ့်စိမ့်နဲ့ဖြစ်နေတယ်။ ဘာမှ မစားချင်ဖြစ်တယ်။

နောက်တကြိမ် ကို လကုန်ရင် ထပ်ထိုးရပါမယ်မယ်။

ကာကွယ်ဆေးထိုးပြီး အခြေအနေသိချင်တယ်ဆိုသော ညီမများအတွက် ပြန်ပြောပြပေးတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013