DVB Logo
Home
မြန်မာသတင်း
စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နှင့်ဇနီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရ
DVB
·
January 10, 2021
စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နှင့်ဇနီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရ
Donate to DVB

စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးခင်ညွန့်နဲ့ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။ 


မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက် နဝဒေးလမ်း၊ အမှတ် ၂၇ မှာနေထိုင်တဲ့ ဦးခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ ရောဂါဘယ်လိုကူးစက်ခံရလဲဆိုတာ မသိရဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။


"ဟုတ်တယ်။ ဟုတ်တယ်ဗျ။ သူတို့က ခြံနဲ့ဝင်းနဲ့ကျတော့ အလုံပိတ်ကြီးတွေကိုး။ ဘယ်လို ကူးစက်လဲတော့ မသိဘူးဗျ။ သူတို့တွေနဲ့ ကျနော်တို့က အဆက်ပြတ်တယ်လေ။ ဝင်းနဲ့ခြံနဲ့ ဝင်လို့တောင်မလွယ်ဘူး။" လို့ပြောပါတယ်။


မရမ်းကုန်းမြို့နယ်မှာ ၇ ရက်နေ့ အတည်ပြုလူနာစာရင်းအရ လူနာ ၇ ယောက်ထဲက ၂ ယောက်မှာ ဦးခင်ညွန့်နဲ့ ဇနီးတို့ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်ကိုဗစ်ကော်မတီက သိရပါတယ်။


လူမှုကွန်ရက်သတင်းတွေအရတော့ ဦးခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ဟာ ဘုရားဖူးထွက်ဖို့ လှိုင်သာယာက ပန်းလှိုင်ဆေးရုံမှာ ဆေးစစ်ရာက ရောဂါပိုးတွေ့ခဲ့တာလို့ သိရပါတယ်။


လက်ရှိမှာတော့ ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း ဦးထွန်းချစ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013